အာဖရိကတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၉ သန်းနီးပါးရှိလာ

ဒီဇင်ဘာ ၁၄

အာဖရိကတွင် ယမန်နေ့ကအထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၈၉၄၄၀၉၇ ဦးရှိလာသည်ဟု အာဖရိကရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာက အတည်ပြုပြောကြားသည်။

ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေ ၂၂၄၉၂၀ အထိမြင့်တက်လာသည်။

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၈၂၁၅၃၀၇ ဦး ရှိသည်။

တောင်အာဖရိက၊ မော်ရိုကို၊ တူနီးရှားနှင့် အီသီယိုပီးယားနိုင်ငံတို့သည် ရောဂါကူးစက်ဖြစ်ပွားမှု အများဆုံးနိုင်ငံများတွင်ပါဝင်သည်ဟု အာဖရိက စီဒီစီစင်တာကဆိုသည်။

တောင်အာဖရိကနိုင်ငံသည် ရောဂါကူးစက်ဖြစ်ပွားသူ သုံးသန်းကျော်ရှိသဖြင့် အာဖရိကတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအများဆုံးနိုင်ငံဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို