အာဖရိတိုက်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း၁၁ ဒသမ ၅၅ သန်းကျော်ရှိလာ

မေ ၁၆

 

အာဖရိကတိုက်တွင် ယမန်နေ့ ညနေပိုင်းအထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၁၅၅၅၀၃၃ ဦးအထိ ရှိလာကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ( အာဖရိကစီဒီစီ )က ပြောကြားသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၂၅၂၆၃၇ ဦး ရှိပြီး ကိုဗစ်ရောဂါကူးစက်ခံရပြီးနောက် ယခုချိန်အထိ ကျန်းမာပြန်လည်ကောင်းမွန်လာသူပေါင်း ၁၀၈၇၄၁၅၇ ဦး ရှိသည်။

 

အာဖရိကတိုက်တွင် တောင်အာဖရိက၊ မော်ရိုကို၊ တူနီးရှားနှင့် လစ်ဗျားနိုင်ငံတို့သည် ကိုဗစ်ရောဂါကူးစက်မှု အများဆုံး ဖြစ်ပွားသော နိုင်ငံများဖြစ်ကြသည်ဟု အာဖရိကစီဒီစီက ဆိုသည်။

 

တောင်အာဖရိကနိုင်ငံသည် အာဖရိကတွင် ရောဂါကူးစက်မှုစံချိန်တင်အများဆုံးဖြစ်ပြီး ရောဂါကူးစက်ခံရသူ ၃၈၈၇၄၄၉ ဦးရှိသည်။

 

အာဖရိကတွင် အာဖရိကတောင်ပိုင်းဒေသသည် ရောဂါကူးစက်မှုအများဆုံးဒေသဖြစ်ပြီး အာဖရိကမြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသတို့သည် ရောဂါကူးစက်မှုဒုတိယအများဆုံးဖြစ်ကာ အာဖရိကအလယ်ပိုင်းဒေသသည် ရောဂါကူးစက်မှု အနည်းဆုံးဒေသဖြစ်ကြောင်း အာဖရိကစီဒီစီ၏ ပြောကြားချက်အရ သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို