အာရှချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ဒုတိယအဆင့်သို့ တက်ရောက်

ရန်ကုန် ဧပြီ ၂၈

 

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် ၂၀၂၂ အာရှ ချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲ အမျိုးသမီး တစ်ဦးချင်း ပထမအဆင့် ပွဲစဉ်တွင် မြန်မာကြက်တောင်မယ် သက်ထားသူဇာမှ နာမည်ကြီး ဂျပန် ကြက်တောင်မယ် Nozomi Okuhara အိုခူဟာရအား အနိုင်ရရှိခဲ့ပြီး ဒုတိယအဆင့်သို့ တက်ရောက်သွားခဲ့ကြောင်း သိရ သည်။

 

အဆိုပါပွဲစဉ်တွင် သက်ထားသူဇာအနေဖြင့် ပထမပွဲငယ်တွင် ၂၁-၁၈ ဖြင့် အနိုင်ယူခဲ့ပြီး ဒုတိယပွဲငယ်တွင် Nozomi Okuhara အနေဖြင့် ပြိုင်ပွဲမှ နုတ်ထွက်သွားခဲ့ပြီးနောက် သက်ထားသူဇာမှ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

 

သို့ဖြစ်ရာ မြန်မာကြက်တောင်မယ် သက်ထားသူဇာအနေဖြင့် ဒုတိယအဆင့်ပွဲစဉ်အဖြစ် ဧပြီ ၂၈ ရက်တွင် တရုတ်တိုင်ပေ ကြက်တောင်အားကစားမယ် Hsu Wen-chi နှင့် ဆက်လက်ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဧပြီ ၂၆ ရက်က ကြက်တောင်ကစားသမား ဘုန်းပြည့်နိုင်က မော်လ်ဒိုက် ကစားသမား Shaheed ကို ယှဉ်ပြိုင်ကစားခဲ့ရာ ၂၁-၁၃၊ ၂၁-၈ နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယပတ်လည်ပွဲစဉ်တွင် တရုတ်ကစားသမား Weng Hong Yang ကို ယှဉ်ပြိုင်ကစားခဲ့ရာ ၂၁-၁၀၊ ၂၁-၇ ဖြင့် နှစ်ပွဲပြတ်ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

 

အာကာလင်း