အာရှနှင့် ပစိဖိတ်ဒေသအတွင်း စားနပ်ရိက္ခာဖူလုံရေး အာရှဖွံ့ဖြိုးရေးဘဏ်က ကန်ဒေါ်လာ ၁၄ ဘီလီယံထောက်ပံ့မည်

မနီလာ  စက်တင်ဘာ  ၂၈

အာရှနှင့် ပစိဖိတ်ဒေသအတွင်း ရေရှည်   စားနပ်ရိက္ခာဖူလုံရေးကို မြှင့်တင်ရန်နှင့်    ပိုမိုဆိုးရွားလာ သော စားနပ်ရိက္ခာအကျပ်အတည်း ကို ဖြေလျှော့ပေးရန် သုံးနှစ်တာ ကာလအတွင်း      အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံ ထောက်ပံ့ပေးမည့်    အစီအစဉ် တစ်ရပ်ကို  အာရှဖွံ့ဖြိုးရေးဘဏ် က   စက်တင်ဘာ ၂၇ ရက်တွင် ကြေညာခဲ့သည်။

ရှိပြီးသား  ရန်ပုံငွေကို   ခွဲဝေ ဆောင်ရွက်မည်ဖြစ်သည့်အပြင် လယ်ယာသွင်းအားစုများ၊ စားနပ် ရိက္ခာ ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ ဆည်မြောင်းနှင့် ရေအရင်းအမြစ် စီမံခန့်ခွဲမှုအပြင်    သဘာဝအခြေခံ ဖြေရှင်းနည်းများကို အသုံးချသည့် စီမံကိန်းများအပါအဝင်   ကဏ္ဍ အများအပြားတွင် စီမံကိန်းအသစ် များ      ဖော်ဆောင်ပေးမည်ဖြစ် ကြောင်း     အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ အာဆာကာဝါက  အာရှဖွံ့ဖြိုး ရေးဘဏ်၏     (၅၅)နှစ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် မှတ်ချက်ပြုပြောကြားသည်။

ယခုနှစ်အတွင်း    ဆင်းရဲမွဲတေ မှုနှင့်   စားနပ်ရိက္ခာ   ဈေးနှုန်းများ     စံချိန်တင်        မြင့်တက်မှုတို့ ကြောင့်     အာရှပစိဖိတ်ဒေသ အတွင်းရှိ   လူပေါင်း ၁ ဒသမ ၁ ဘီလီယံနီးပါး     ကျန်းမာရေး ချို့တဲ့မှုများနှင့်     ရင်ဆိုင်နေရ ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်က ပြောကြားသည်။ 

ကိုးကား - ဆင်ဟွာ
 ဘာသာပြန် - အလင်းသစ်