အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း (AACC) နှင့် အာဖရိကဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေး (CCJA) ပူးတွဲညီလာခံနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေးကမ္ဘာ့ညီလာခံ (WCCJ) (၅) ကြိမ်မြောက်ညီလာခံ ကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၆

 

အာရှဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း (AACC)နှင့် အာဖရိကဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေး (CCJA) ပူးတွဲညီလာခံကို အောက်တိုဘာ (၄)ရက်က စတင်ကျင်းပရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးခင်မောင်ဦး ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Online မှ တက်ရောက်ခဲ့သည်။

 

အဆိုပါ ပူးတွဲညီလာခံကို “Promoting Asian-African Cooperation for the Protection of People’s Fundamental Rights”  ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ပူးတွဲညီလာခံသို့ AACC အဖွဲ့ဝင်နိုင်ငံ (၁၆)နိုင်ငံနှင့် CCJA အဖွဲ့ဝင်နိုင်ငံ (၂၉)နိုင်ငံတို့မှ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံး/ ခုံရုံး/ ကောင်စီများ၏ တရားသူကြီးချုပ်များ၊ ဥက္ကဋ္ဌများ၊ တရားသူကြီးများ တက်ရောက်ကြပြီး AACC အဖွဲ့ဝင်နိုင်ငံများနှင့် CCJA အဖွဲ့ဝင်နိုင်ငံများမှ ဥပဒေပညာရှင်များက စာတမ်းများဖတ်ကြား၍ အသိအမြင်နှင့် အတွေ့အကြုံ ဗဟုသုတများကို ဖလှယ်ခဲ့ကြသည်။

 

ထို့အတူ အောက်တိုဘာ ၅ ရက်မှ ၆ ရက်အထိ ကျင်းပသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တရားစီရင်ရေး ကမ္ဘာ့ညီလာခံအသင်း(WCCJ)၏ (၅)ကြိမ်မြောက်ညီလာခံသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးခင်မောင်ဦး ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အွန်လိုင်းမှတစ်ဆင့် ဆက်လက်တက်ရောက်ခဲ့သည်။ အဆိုပါ ညီလာခံကို “Constitutional Justice and Peace” ခေါင်းစဉ်ဖြင့်  ကျင်းပပြုလုပ်ရာ  WCCJ အဖွဲ့ဝင် နိုင်ငံပေါင်း (၉၈) နိုင်ငံမှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး/ ခုံရုံး/ ကောင်စီတို့၏ တရားသူကြီးချုပ်များ၊ ဥက္ကဋ္ဌများ၊ တရားသူကြီးများ၊ ဖိတ်ကြားထားသော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ဥပဒေပညာရှင်များ တက်ရောက်ကြပြီး အသိအမြင်အတွေ့အကြုံ ဗဟုသုတများ ဖလှယ်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်