အာရှဖွံ့ဖြိုးရေးဘဏ်က ကိုဗစ်-၁၉ ရောဂါဆိုင်ရာ တုံ့ပြန်ရေး အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၈ ဘီလီယံသုံးစွဲခဲ့

မနီလာ   ဧပြီ    ၂၆

အာရှနှင့်   ပစိဖိတ်ဒေသအတွင်း    ဖြစ်ပွားခဲ့သည့်    ကိုဗစ်-၁၉   ရောဂါ၏ အကျိုးသက်ရောက်မှုများအား    ပြန်လည်ကုစားရေးနှင့်   ပြန်လည်ထူထောင်ရေး  လုပ်ငန်းများ  ဆောင်ရွက်နိုင်ရန်အတွက်  အာရှဖွံ့ဖြိုးရေးဘဏ်က ၂၀၂၁ ခုနှစ်အတွင်း  အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၈ ဘီလီယံ သုံးစွဲခဲ့ကြောင်း သိရသည်။

၎င်းဘဏ်မှ ထုတ်ပြန်သည့် ၂၀၂၁ ခုနှစ်အတွက် နှစ်ပတ်လည်အစီရင်ခံစာ၌ အာရှဖွံ့ဖြိုးရေးဘဏ်၏ အဖွဲ့ဝင် ဖွံ့ဖြိုးဆဲနိုင်ငံများအား ဘဏ္ဍာရေးဆိုင်ရာ ကူညီပေးမှု များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အာရှဖွံ့ဖြိုးရေးဘဏ်က  ပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။ မိမိတို့ဘဏ်မှ ဆောင်ရွက်ခဲ့သည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ တုံ့ပြန် ဆောင်ရွက်ရေးအစီအမံများအရ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ပြန်လည်ထူထောင်ရေး အတွက် ခိုင်မာသည့်အခြေခံအုတ်မြစ်များကို  ချမှတ်နိုင်ခဲ့ကြောင်း  အာရှဖွံ့ဖြိုးရေး ဘဏ်အကြီးအကဲ  မတ်ဆက်ဆူဂူအာဆာကာဝါက ပြောကြားသည်။   အာရှဖွံ့ဖြိုးရေး ဘဏ်က ၂၀၂၁ ခုနှစ်အတွင်း သုံးစွဲခဲ့သည့် ငွေကြေးများအနက် အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၈ ဘီလီယံကို ကမ္ဘာ့နိုင်ငံများရှိ အစိုးရများနှင့် ပုဂ္ဂလိကလုပ်ငန်းများအား  ချေးငွေထုတ်ချေးခြင်း၊ စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် နည်းပညာ ဆိုင်ရာ  အကူအညီများပေးအပ်ခြင်း  စသည့်ကဏ္ဍများတွင်     ကျခံသုံးစွဲခဲ့ကြောင်း  သိရသည်။                                                

ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- စိုးသူရ