အာသံနှင့် ကသည်း လက်နက်ကိုင်သောင်းကျန်းသူများ၏ စခန်းတစ်ခုနှင့် လက်နက်ခဲယမ်းများအား ထပ်မံသိမ်းပိုက်ရရှိ

နေပြည်တော် ၆ ဖေဖော်ဝါရီ 

 

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တကားကျေးရွာ အနီးတစ်ဝိုက်ရှိ NSCN (K) စခန်းနှင့် အနီးပတ်ဝန်းကျင်နေရာများ၌ အာသံနှင့် ကသည်း လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့အချို့သည် NSCN (K) အဖွဲ့အသွင်ဖြင့် ဖြန့်ခွဲအခြေပြုလျက်ရှိသဖြင့် တပ်မတော်စစ်ကြောင်းများက ဇန်နဝါရီ ၂၉ ရက်မှစ၍ နယ်မြေရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ရာ ၎င်းတို့အခြေပြုရာ စခန်းအသီးသီးအား သိမ်းပိုက်ရရှိခဲ့ပြီး နယ်မြေလုံခြုံရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် ဖေဖော်ဝါရီ ၄ ရက်တွင် တကားကျေးရွာ၏ အနောက်ဘက်မီတာ ၁၆၀ဝ ခန့်အကွာရှိ လျှိုအတွင်း၌ သိုဝှက်ထားသော လက်နက်မျိုးစုံ ၁၅ လက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်တွင်လည်း အဆိုပါနေရာ၌ ကျည်အိမ်မျိုးစုံ ၈၀ ခုနှင့် အသုံး အဆောင်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိခဲ့သည်။ ၎င်းအပြင် တကားကျေးရွာ၏ အနောက်တောင်ဘက်မီတာ ၈၀ဝ၀ ခန့် အကွာ၌ ၎င်းတို့အခြေပြုခဲ့သော စခန်းတစ်ခုကိုလည်း ထပ်မံတွေ့ရှိ သိမ်းပိုက်ရရှိခဲ့သည်။ 

 

တပ်တော်စစ်ကြောင်းများအနေဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း တရားမဝင်လက်နက်ကိုင်အဖွဲ့အစည်းများ ဝင်ရောက်စိမ့်ဝင်လှုပ်ရှားမှုများ မရှိစေရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

 
(သတင်းစဉ်) 

 

ာ