အာတိတ်ဒေသတွင် တောမီးလောင်ကျွမ်းမှုများ မြင့်တက်လျက်ရှိ

၂၉ ဇူလိုင်

 

ပြီးခဲ့သည့်နှစ်လ အတွင်းက ရုရှားနှင့် အမေရိကန်ပြည်ထောင်စုရှိ  အာတိတ်ဒေသများတွင် တောမီးလောင် ကျွမ်းမှုများ အကြီးအကျယ်ဖြစ်ပွားခဲ့သည်။

 

ယခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု အလက်စကာတွင်  တောမီးလောင်မှု ၄၀ဝ ဖြစ်ပွားခဲ့ပြီး သစ်တော ဟက်တာပေါင်း ၃၃၀ဝ၀ဝ ပျက်စီးခဲ့ကြောင်း  သတင်းများအရ သိရသည်။ 

 

ဆိုက်ဘေးရီးယားအတွင်းရှိ တောမီးလောင်ကျွမ်းမှုများကို ရုရှားတာဝန်ရှိသူများက တားဆီးနိုင်စွမ်းမရှိခဲ့ပေ။ အနီးအနားရှိ ကျေးရွာများတွင်လည်း မီးခိုးများ ဖုံးလွှမ်းလျက်ရှိသည်။

 

အကြီးအကျယ်လောင်ကျွမ်းသည့်မီးကို ငြိမ်းသက်ရန် ပျက်ကွက်သည့်အတွက် ရုရှားအစိုးရကို လူမှုကွန်ရက်ပေါ်တွင် ဝေဖန်လျက်ရှိသည်။  ဆိုက်ဘေးရီးယား သစ်တောများကို ကာကွယ်ပါဟု ဝေဖန်သူတစ်ဦးက ရေးသားခဲ့သည်။

 

၁၉၂၅ခုနှစ်ကတည်းကပြီး အလက်စကာတွင် ဇွန်လများအတွင်း ပျှမ်းမျှအပူချိန်သည် ဒုတိယအမြင့်ဆုံးဖြစ်သည်။ 

 

၂၀၁၀ခုနှစ်မှစပြီး ဆိုက်ဘေးရီးယား၏ ပျှမ်းမျှအပူချိန်သည် နှစ်ပေါင်း ၃၀အတွင်း ၁၀ဒီကရီအထိ မြင့်တက်ခဲ့သည်။ 

 

တောမီးလောင်ကျွမ်းမှုများကြောင့် ရာသီဥတုဖောက်ပြန်ပြီး စံချိန်တင် အပူချိန်များ ဖြစ်ပေါ်ခြင်း ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။ 

 

အာတိတ်စက်ဝိုင်းအတွင်း မီးလောင်မှုများကြောင့် ဆွီဒင်နိုင်ငံ၏ နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှင့်မှု နှင့် ညီမျှသည့် လေထဲသို့ ကာဗွန်ဒိုင်အောက်ဆိုဒ် ၅၀ရာခိုင်နှုန်း ထုတ်လွှင်ခဲ့ကြောင်း ဇွန်လအတွင်း ကုလသမဂ္ဂရာသီဥတုအေဂျင်စီနှင့် ကမ္ဘာ့မိုးလေဝသအဖွဲ့တို့က ပြောကြားသည်။  

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်