အစ္စရေး ဒရုန်းယာဉ်ကို လက်ဘနွန်ရှိ ဟဇ်ဘိုလာ တို့ပစ်ချ 

၉ စက်တင်ဘာ

 

အစ္စရေးနယ်စပ်အနီး ရမ်ရရှ် မြို့တောင်ပိုင်း အပြင်ဘက် တွင် အစ္စရေးဒရုန်းယာဉ် တစ်စင်းကို ယနေ့ ပစ်ချခဲ့ကြောင်း  ဟဇ်ဘိုလာ တို့က ထုတ်ပြန်ကြေညာခဲ့သည်ဟု အမျိုးသားသတင်းအေဂျင်စီ က သတင်းဖော်ပြခဲ့သည်။

 

ဆီးရီးယား ရှိ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များကသြဂုတ်လ၂၄ရက်နေ့တွင်လေကြောင်းတိုက်ခိုက်မှုများအဆက်မပြတ်ပြုလုပ်ခဲ့ကြောင်း  ၊ သြဂုတ်လ ၂၅ ရက်နေ့ကလည်း  ဘေရွတ် တောင်ပိုင်း ဆင်ခြေဖုံးတွင် အစ္စရေး ဒရုန်းယာဉ်နှစ်စင်း က တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း တွင်  အစ္စရေး နှင့် လက်ဘလွန် နိုင်ငံတို့အကြား ပြီးခဲ့သည့် သီတင်းပတ်က တင်းမာမှုများ ပို၍ပြင်းထန်လာခဲ့သည်။

 

အစ္စရေး မြောက်ပိုင်း အာဗီဗမ် ရှိ အစ္စရေးစစ်ယာဉ် တစ်စီး ကို ဖျက်စီးခဲ့ခြင်းဖြင့် ဟဇ်ဘိုလာ တို့လက်တုံ့ပြန်ခဲ့သည်။

 

ထို့အပြင် လက်ဘနွန်လေပိုင်နက် ကို နှောင့်ယှက်သည့် မည်သည့် အစ္စရေးဒရုန်းယာဉ် ကိုမဆို ၎င်း၏ တိုက်ခိုက်ရေးသမားများက ပစ်ချမည် ဖြစ်ကြောင်း ဟဇ်ဘိုလာ ခေါင်းဆောင် ဟာဆန် နာရယ်လ်လာ က သတိပေးပြောကြားခဲ့သည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို