အစ္စရေး၏ ဂါဇာကမ်းမြောင်ထိုးစစ်ဆင်မှုကို ထောက်ခံခဲ့သည့် အမေရိကန်နိုင်ငံအား အီရန်နိုင်ငံ သမ္မတ ပြစ်တင်ရှုတ်ချ

 

တီဟီရန် နိုဝင်ဘာ ၁၂

 

အီရန်သမ္မတ အီဘရာဟင် ရိုင်စီသည် ဂါဇာကမ်းမြောင်ဒေသအား အစ္စရေး၏ တန်ပြန်ထိုးစစ်ဆင်မှုကို ထောက်ခံအားပေး မှုအတွက် အမေရိကန်ပြည်ထောင်စုအား နိုဝင်ဘာ ၁၁ ရက်တွင်  ပြစ်တင်ရှုတ်ချခဲ့ကြောင်း အီရန်သမ္မတရုံးဝက်ဘ်ဆိုက် တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်ရပ်အရ သိရသည်။

 

ပါလက်စတိုင်းအရေးကိစ္စနဲ့ ပတ်သက်ပြီး ဆော်ဒီအာရေးဗီးယားနိုင်ငံ ရီယာ့ဒ်၌ကျင်းပမည့် အစ္စလာမ္မစ် ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့နှင့် အာရပ်အဖွဲ့ချုပ် ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဆော်ဒီ အာရေဗျနိုင်ငံကို မထွက်ခွာမီ သတင်းထောက်များအား  အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့သည်။

 

ရီယာ့ဒ်တွင် ပြုလုပ်သည့် အစ္စလာမ္မစ်-အာရပ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရန် မတ်လတွင် သဘောတူညီမှုရရှိခဲ့ပြီးနောက်ပိုင်း အီရန်သမ္မတအနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံသို့ ပထမ ဆုံး လာရောက်သည့် ခရီးစဉ်ဖြစ်သည်။

 

ဂါဇာကမ်းမြောင်ဒေသတွင် ဟားမတ်စ်များ တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးက အောက်တိုဘာ ၇ ရက်က ဂါဇာကမ်းမြောင်ဒေသကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ တစ်လကြာပဋိပက္ခဖြစ်ပွားခဲ့ပြီး ယခုအချိန်အထိ ဂါဇာတွင် ပါလက်စတိုင်းလူမျိုး ၁၁၀၀၀ ကျော်  သေဆုံးခဲ့ရသည်။ အစ္စရေးဘက်တွင်မူ လူပေါင်း ၁၄၀၀ ကျော် အသက် ဆုံးရှုံးခဲ့ပြီး အများစုမှာ အောက်တိုဘာ ၇ ရက်က ဟားမတ်စ် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပြီး ပဋိပက္ခများ ဆက်လက်ဖြစ်ပွား နေခြင်းဖြစ်သည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်