အစ္စရေးနိုင်ငံအား လက်နက်ထောက်ပံ့ရေး သမ္မတ ဘိုင်ဒင် အဆိုပြု

ဝါရှင်တန်၊ မေ ၁၅

အစ္စရေးနိုင်ငံအား ကန်ဒေါ်လာ တစ်ဘီလီယံကျော် တန်ဖိုးရှိသည့် လက်နက်များထောက်ပံ့ရေး အဆိုပြုချက်ကို အမေရိကန်သမ္မတ ဘိုင်ဒင်က ကွန်ဂရက်သို့ တင်ပြခဲ့ကြောင်း သိရသည်။

ယင်းထောက်ပံ့မည့်လက်နက်များတွင် ကန်ဒေါ်လာ သန်း ၇၀၀ တန်ဖိုးရှိ တင့်ကားများ၊ ကန်ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိ တိုက်ခိုက်ရေးယာဉ်များနှင့် ကန်ဒေါ်လာ သန်း ၆၀ တန်ဖိုးရှိ မော်တာကျည်ဆန်များပါဝင်သည်။ မကြာသေးမီကာလအတွင်း အစ္စရေးတပ်ဖွဲ့သည် ရာဖာတွင် အမေရိကန်က ထောက်ပံ့ပေးသည့်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း တွေ့ရှိချက်များအရ အမေရိကန်အစိုးရက အစ္စရေးအား လက်နက်ထောက်ပံ့မှု ရပ်ဆိုင်းခဲ့ပြီးနောက် လက်နက်ထောက်ပံ့ရေးဆောင်ရွက်မည့် အစီအမံဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရာဖာတွင် အစ္စရေးက ကျူးကျော်ရေးစစ်ပွဲများ ဆောင်ရွက်နေခြင်းကြောင့် အစ္စရေးအား လက်နက်ထောက်ပံ့ရေးကိစ္စကို ရီပတ်ပလီကန်များက ကန့်ကွက်ခဲ့သဖြင့် သမ္မတဘိုင်ဒင်က အစ္စရေးကို လက်နက်ထောက်ပံ့မှုရပ်ဆိုင်းမည်ဟု ပြောကြားခဲ့သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ