အစ္စရေးနိုင်ငံက ဒီဇင်ဘာလ ၂၀ ရက်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံမည်

၉ ဒီဇင်ဘာ

 

 

အစ္စရေးနိုင်ငံက ဒီဇင်ဘာလလ ၂၀ ရက်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံမည်ဖြစ်ကြောင်း အစ္စရေး ကျန်းမာရေးဝန်ကြီး ဌာနမှ အဆင့်မြင့် အရာရှိတစ်ဉီး၏ ပြောကြားချက်ကို ကိုကားပြီး အစ္စရေးနိုင်ငံပိုင် Kan News က ဒီဇင်ဘာလ ၈ ရက်နေ့က ဖော်ပြခဲ့သည်။

 

 

ကာကွယ်ဆေးထိုးပေးရန် ကျန်းမာရေး ဝန်ဆောင်မှုပေးသည့် နေရာများကို ဒီဇင်ဘာလ ၂၀ ရက် မတိုင်ခင် ကြိုတင်ပြင်ဆင်ထားကြရန် အစ္စရေးကျန်းမာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဟီဇီလီဗီက ပြည်နယ်များအား ညွှန်ကြားခဲ့သည်။

 

 

အစ္စရေး ဆေးရုံများရှိ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအား အဆိုပါ ရက်မတိုင်မီ ကာကွယ်ဆေး ထိုးပေးမည်ဟု မျှော်လင့်ရသည်။

 

 

ဝန်ကြီးဌာန အနေဖြင့် ကာကွယ်ဆေးထိုးမည့်သူများအား စာရင်းပြုစုနေမှုများမှာ လာမည့်နှစ်ရက်အတွင်း ပြီးဆုံးမည်ဖြစ်ကြောင်း လီဗီက ပြောကြားခဲ့သည်။

 

 

အမေရိကန် ပြည်ထောင်စု ဆေးဝါးကုမ္ပဏီဖြစ်သည့် Pfizer မှ မှာယူထားခြင်းဖြစ်သည်။

 

 

ပြီးခဲ့သည့်လက အစ္စရေးနိုင်ငံသည် ကာကွယ်ဆေး ရှစ်သန်းကို မှာယူခဲ့ပြီး ပထမဆုံးအသုတ် ကာကွယ်ဆေးများ လာမည့်ရက်များတွင် ရောက်ရှိလာမည်ဟု မျှော်လင့်ရသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်