ဂျေရုဆလင် မေ ၃
အစ္စရေးနိုင်ငံ၌ အလုပ်အကိုင်ရှာဖွေသူဦးရေသည် မတ်လကုန်တွင် ၂ ဒသမ ၅ ဆအထိ တိုးမြင့်လာကြောင်း အစ္စရေးအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
မတ်လတွင် အလုပ်ရှာဖွေသူအရေအတွက် ၂၅၇၀၀၀ ခန့်ရှိပြီး စုစုပေါင်း၏ ၆၅ ရာခိုင်နှုန်းခန့်ရှိသည်။ အလုပ်အကိုင် လစ်လပ်နေရာ ၁၆ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
အမျိုးသမီးများ၊ အသက် ၃၄ နှစ်အောက် လူငယ်များနှင့် ပညာရေးနယ်ပယ်မှမဟုတ်သော အလုပ်သမားများအတွက် အလုပ်အကိုင်ဆုံးရှုံးမှုအများဆုံးဖြစ်ကြောင်း သိရသည်။
အမေရိကန်-အစ္စရေး-အီရန်စစ်ပွဲများသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့ပြီး ဧပြီလဆန်း ပိုင်းတွင် အပစ်အခတ်ရပ်စဲရေးမစတင်မီ ရက်ပေါင်း ၄၀ ခန့် ကြာမြင့်ခဲ့သည်။
အပစ်အခတ်ရပ်စဲရေး ဆက်လက်လုပ်ဆောင်ပါက ပြန်လည်ထူထောင်ရေးမျှော်မှန်းချက်နှင့်အတူ အလုပ်လက်မဲ့နှုန်း မြင့်တက်နေခြင်းသည် ယာယီအခိုက်အတန့်မျှသာဖြစ်နိုင်ကြောင်း အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းမှ မှတ်ချက်ပြုပြောကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်


