အစ္စရေးနိုင်ငံတွင် ကိုဗစ်-၁၉ တစ်ကျော့ပြန်ကူးစက်မှုကြောင့် သုံးပတ်ကြာ ပိတ်ဆို့မှုပြုလုပ်

၁၄ စက်တင်ဘာ

အစ္စရေးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တစ်ကျော့ပြန်ဖြစ်ပွားလာခြင်းကြောင့် ယခုအပတ်မှစပြီး တစ်နိုင်ငံလုံးအနှံ့ အသွားအလာ ကန့်သတ်မှုများ ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း အစ္စရေးအစိုးရက ပြောကြားခဲ့သည်။

 

အဆိုပါ ကန့်သတ်ချက်ကို ယခုလာမည့် သောကြာနေ့မှစတင်ပြီး သုံးပတ်ကြာ အသွားအလာ ကန့်သတ်ထားမည် ဖြစ်ကြောင်း အစ္စရေးအစိုးရက ပြောကြားခဲ့သည်။

 

လူအများအား ၎င်းတို့၏ နေအိမ်များမှ မီတာ ၅၀၀အတွင်း၌ နေထိုင်ရမည်ဟု အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

 

စာသင်ကျောင်းများနှင့် ဈေးဝယ်စင်တာများကိုမူ ပိတ်ထားမည်ဖြစ်သည်။

 

မတ်လအလယ်ကစပြီး အစ္စရေးနိုင်ငံတွင် နှစ်လနီးပါး တင်းကျပ်စွာ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီးနောက် နေ့စဉ်ကူးစက်မှုနှုန်း ၁၀ဉီးအောက် လျှော့ချနိုင်ခဲ့သော်လည်း စီးပွားရေးလုပ်ငန်းများနှင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီးသည့် နောက်ပိုင်းတွင် ဗိုင်းရပ်စ် ကူးစက်မှုမှာ ပိုမို ပျံ့နှံ့လာခဲ့သည်။

 

လူဉီးရေ ကိုးသန်းခန့်ရှိသည့် အစ္စရေးနိုင်ငံတွင် ပြီးခဲ့သည့်အပတ်ကစပြီး နေ့စဉ် ကူးစက်မှုအသစ် ၄၀၀၀ ကျော် တွေ့ရှိခဲ့ပြီး ယခုအချိန်အထိ အတည်ပြုလူနာပေါင်း  ၁၅၀၀၀၀ ကျော်ရှိသွားပြီဖြစ်သည်။

 

ဝန်ကြီးချုပ် နေတန်ရာဟု၏ ဗိုင်းရပ်စ်တားဆီးရေးအစီအမံများကို  တနင်္ဂနွေနေ့က လူအများက အကြီးအကျယ် ဆန္ဒပြခဲ့ကြသည်။

 

အစ္စရေးနိုင်ငံတွင် အလုပ်လက်မဲ့နှုန်းသည် ၂၀ ရာခိုင်နှုန်းကျော်ရှိသွားပြီဖြစ်သောကြောင့် နိုင်ငံအတွင်း လူများ၏ စိုးရိမ်မှုများမှာလည်း  တိုးလာလျက်ရှိသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်