အစ္စရေးရွေးကောက်ပွဲ အကြိတ်အနယ် တူယှဉ်နွှဲ

၁၈ စက်တင်ဘာ

အစ္စရေးနိုင်ငံရဲ့  တည်ထောင်သူဖခင်ကြီး  ဒေးဗစ်ဘန်ဂူရီယန်ထက်ကို ကျော်လွန်ပြီး အစ္စရေးနိုင်ငံရဲ့ သက်တမ်းအကြာဆုံးဝန်ကြီးချုပ်ဖြစ်လာတဲ့ နေတန်ယာဟုဟာ အခုအခါမှာတော့ ပြိုင်ဘက်ဘလူးနဲ့ ဝှိုက်ပါတီက ဘန်နီဂန့်ဇ်နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။ နေတန်ယာဟုဟာ လွန်ခဲ့တဲ့ဧပြီလမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ  နိုင်ခဲ့သော်လည်း    လုံလောက်တဲ့  လူများစု   အစိုးရမဖွဲ့နိုင်တဲ့အတွက်     အခုလို ရွေးကောက်ပွဲကို ထပ်မံကျင်းပရတာပဲ ဖြစ်ပါတယ်။ အခုကျင်းပတဲ့ ရွေးကောက်ပွဲဟာ ခြောက်လအတွင်းမှာ ဒုတိယအကြိမ်မြောက်ကျင်းပတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။

ကောင်းမွန်တဲ့ဆက်ဆံရေးရှိ

ရွေးကောက်ပွဲ     အကြိုကာလအတွင်းမှာ ဝန်ကြီးချုပ် နေတန်ယာဟုဟာ              အမျိုးသားရေးဝါဒီတွေရဲ့ ထောက်ခံမှုကိုရရှိအောင်    ကြိုးစားခဲ့ပါတယ်။     လွန်ခဲ့တဲ့အပတ်ကလည်း အစ္စရေးနဲ့  အမေရိကန်ကြားနှစ်နိုင်ငံကာကွယ်ရေးစာချုပ်တစ်ရပ်  ထားရှိနိုင်ဖို့ကိစ္စ    အစ္စရေးရဲ့      မဟာမိတ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ဆွေးနွေးခဲ့ပြီး အမျိုးသားရေးဝါဒီတွေရဲ့ ထောက်ခံမှုရရှိအောင်  လုပ်ဆောင်ခဲ့ပါ တယ်။ အဲဒီလိုနည်းနဲ့  နေတန်ယာဟု ဟာ       ရွေးကောက်ပွဲ    အနိုင်ရရေး     ကြိုးပမ်းလျက်  ရှိပါတယ်။

အစ္စရေးဟာ  အိမ်ဖြူတော်မှာ တာဝန်ယူခဲ့ကြတဲ့  အမေရိကန်သမ္မတ အတော်များများနဲ့        ကောင်းမွန်တဲ့ ဆက်ဆံရေး    ရှိခဲ့ပါတယ်။  ဒါပေမယ့် သမ္မတထရမ့်လောက်ကောင်းတဲ့  အမေရိကန်သမ္မတ        မရှိခဲ့ပါဘူး။   ဘာဖြစ်လို့လဲဆိုတော့    အမေရိကန် သမ္မတထရမ့်ရဲ့        အုပ်ချုပ်မှုကာလအတွင်းမှာ   နေတန်ယာဟုရဲ့ မေတ္တာရပ်ခံချက်တွေကို   လက်ခံအကောင်အထည်ဖော်ပေးနေလို့ပါပဲ။

ဆီးရီးယားနဲ့  နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့    ဂိုလန်ကုန်းမြင့်ကို အစ္စရေးရဲ့ပိုင်နက်အဖြစ်  အမေရိကန် က အသိအမှတ်ပြုခဲ့တာ၊  ဂျေရုဆလင်ကို အစ္စရေးနိုင်ငံရဲ့     မြို့တော်အဖြစ် အသိအမှတ်ပြုပြီး   အမေရိကန်သံရုံးကိုလည်း တဲလ်အဗစ်မြို့မှ ဂျေရုဆလင်ကို    ပြောင်းခဲ့တာတွေအပြင်    အီရန်ရဲ့        နျူကလီးယားလက်နက်ဆိုင်ရာ သဘောတူညီချက်ကနေ  အမေရိကန် နုတ်ထွက်ခဲ့တာတွေဟာ  နေတန်ယာဟု ရဲ့ မေတ္တာရပ်ခံချက်တွေ          မဟုတ်ဘူးလို့ မပြောနိုင်ပါဘူး။

ငြိမ်းချမ်းရေး    သဘောတူညီချက်ကို အလေးပေး

နေတန်ယာဟုဟာ  လတ်တလောမှာ    အဂတိလိုက်စားမှုနဲ့      စွဲချက်တင်ခံနေရသော်လည်း သူ့ကိုထောက်ခံတဲ့ ရှေးရိုးစွဲ ဝါဒီတွေက  ဒါကိုမေ့ထားပုံပါပဲ။ အနောက် ဘက်ကမ်းခြေမှာ  အစ္စရေးတို့ရဲ့ နယ်မြေတိုးချဲ့သိမ်းပိုက်အခြေချမှုတွေကို  အခိုင်အမာလုပ်မယ်လို့   နေတန်ယာဟုက ပြောပြီးနောက်မှာ  သူ့ကိုပြန်လည်ထောက်ခံ လာခဲ့ကြပါတယ်။

   တကယ်လို့သာ   အစ္စရေးတွေရဲ့  နယ်မြေတိုးချဲ့နေထိုင်မှုသာ ကျယ်ကျယ်ပြန့်ပြန့်  ဖြစ်လာမယ်ဆိုရင်တော့  လွတ်လပ်တဲ့   ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး  ကိစ္စက  မျှော်လင့်ချက်မဲ့သွားနိုင်ပါတယ်။

နေတန်ယာဟုရဲ့      ကတိတွေဟာ တာဝန်မဲ့ရာကျတယ်လို့   သူ့ရဲ့ ပြိုင်ဘက် အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့  ကာကွယ်ရေး ဦးစီးချုပ်ဟောင်း    ဘန်နီဂန့်ဇ်က ဝေဖန် ပြောကြားထားပါတယ်။ ဘန်နီဂန့်ဇ်ဟာ အစ္စရေးရဲ့      နယ်မြေသိမ်းပိုက်မှုကိစ္စနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ ထောက်ခံမှုနဲ့ လုပ်ဆောင်တဲ့ငြိမ်းချမ်းရေး သဘော တူညီချက်ကို ပိုမိုအလေးပေးတဲ့  ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

ညွန့်ပေါင်းဖွဲ့နိုင်မှ နိုင်မယ်

အစ္စရေးဝန်ကြီးချုပ်      ဘန်ဂျမင် နေတန်ယာဟုက အခုရွေးကောက်ပွဲမှာသူပြန်အရွေးခံရရင်  အနောက်ဘက်ကမ်းက      ဂျူးအခြေချစခန်းတွေအားလုံးကို အစ္စရေးနိုင်ငံပိုင်နက်အတွင်း သွတ်သွင်းမယ်လို့   ပြောကြားထားတာ    ရှိပါတယ်။ ဒါဟာ အမျိုးသားရေးဝါဒအခြေခံ မဲဆွယ်ပွဲ နောက်ဆုံးစကားလည်း ဖြစ်နိုင်ပါတယ်။လူထုသဘောထားကောက်ခံမှု စစ်တမ်းတွေအရ    ကာကွယ်ရေးဝန်ကြီးဟောင်း အဗစ်ဒေါလိုင်ဘာမင်းန်ကလည်း နေတန် ယာဟုအတွက် လက်ရည်ညီတဲ့ပြိုင်ဘက် ကောင်းတစ်ယောက်ဖြစ်လို့        ဒီပွဲဟာ ပွဲကျပ်တစ်ခု ဖြစ်ပါတယ်။    အဗစ်ဒေါလိုင် ဘာမင်းန်ဟာ နေတန်ယာဟုရဲ့   အရင်က   ညာလက်ရုံးလည်း  ဖြစ်ခဲ့ဖူးပြီး  အရင်ကဆိုးရွားလှတဲ့ အစ္စရေးကို ပုံမှန်အခြေအနေ ရောက်အောင်     ဆောင်ကြဉ်းခဲ့သူလည်း ဖြစ်ပါတယ်။

လက်ရှိအစ္စရေးဝန်ကြီးချုပ်  နေတန် ယာဟုရဲ့လီကွတ်ပါတီနဲ့အပြိုင် ဘန်နီဂန့်ဇ်ရဲ့  အဖြူနဲ့  အပြာပါတီကလည်း    အမတ် နေရာ   ၁၂၀ ရှိတဲ့     အစ္စရေးလွှတ်တော် အတွက်    အလားအလာကောင်းနေပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဆိုဆို တိုင်းမ် အော့အစ္စရေးသတင်းစာရဲ့  အယ်ဒီတာ ဒေးဗစ်ဟော်ရိုဗစ်ဇ်က ညွန့်ပေါင်းဖွဲ့နိုင်တဲ့ သူသာ အနိုင်ရမယ်လို့ ဆိုပါတယ်။

အခြေအမြစ်မရှိ

အသက် ၆၉ နှစ်ရှိ နေတန်ယာဟုဟာ ၁၉၉၆ ခုနှစ် ဇွန်လက ၁၉၉၉  ခုနှစ် ဇူလိုင် လအထိ  ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးသလို  အဲဒီရာထူးကိုပဲ၂၀ဝ၉ ခုနှစ်ကတည်းက  အခုချိန်အထိ   ကိုင်စွဲထားတာ  ဖြစ်ပါတယ်။ ရန်သူတွေ၊ မိတ်ဆွေတွေရဲ့ စိတ်ထဲမှာ အစ္စရေးကို  အင်အားနည်းစေတယ်လို့  ထင်ရတဲ့   လက်ဝဲဝါဒီတွေက    နေတန်ယာဟု နေရာမှာ      ဝင်ရောက်နေရာယူကောင်းလည်း   ယူနိုင်ပါတယ်။

မဲရုံတွေကို နံနက် ၇ နာရီမှ ည ၁၀ နာရီအထိ ဖွင့်လှစ်ထားမှာဖြစ်ပြီး မီဒီယာတွေအနေနဲ့ ပထမဆုံး မဲရလဒ်  အကြမ်းဖျင်းကို   ထုတ်ပြန်နိုင်မှာ   ဖြစ်ပါတယ်။ နေတန်ယာဟုရော     ဘန်နီဂန့်ဇ်တို့က သူတို့ရဲ့   မဲဆန္ဒနယ်တွေက ထောက်ခံမဲ တွေရအောင်     ကြိုးစားနေကြပါတယ်။

 ထို့အတူ  သူတို့ဟာ အစိုးရတစ်ရပ် ဖွဲ့နိုင်ရေး ပါတီငယ်လေးတွေဆီက ထောက်ခံမဲ ရရှိအောင်လည်း   ကြိုးစားရဦးမှာ  ဖြစ်ပါတယ်။ နေတန်ယာဟုက ဂန့်ဇ်ကို   အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်ကဲ့သို့သော ကမ္ဘာ့ခေါင်းဆောင်တွေဆီက  လေးစားမှု ရရှိမှာ မဟုတ်သလို အတွေ့အကြုံလည်း မကြွယ်ဝဘူးလို့လည်း     ပြောပါတယ်။   ဂန့်ဇ်ကလည်း    နေတန်ယာဟုအနေနဲ့   သူ့ရဲ့အကျင့်ပျက်ခြစားမှုကို     အာရုံလွှဲချင်လို့ သူ့ကိုအခုလိုပြောတာပါလို့ ဆိုပါတယ်။ ဒါ့အပြင်   နေတန်ယာဟုကတော့  ဂန့်ဇ်ရဲ့ စွပ်စွဲချက်ကို  အခြေအမြစ်  မရှိဘူးဆိုကာ ငြင်းပယ်ထားပါတယ်။

အရေးပါတဲ့ခေါင်းဆောင်

ဂန့်ဇ်ဟာ သူ့ကို ပြည်သူတွေလျစ်လျူရှုမှာလည်း     စိုးရွံ့နေပြန်ပါသေးတယ်။ မြောက်မြားစွာသော အစ္စရေးလူမျိုးတွေဟာ နိုင်ငံရေးသမားတွေကို စိတ်ကုန်နေပြီ ဖြစ်ပါတယ်။ အဲဒီလိုမှ   မဟုတ်ရင်လည်း ဒီပုပ်ထဲက  ဒီပဲတွေပဲလို့    သုံးသပ်ပြောကြ တာပါပဲလို့      ဂျေရုဆလင်      ရှာလွန် ဟာ့တ်မင်းန် အင်စတီကျု့က ပညာတော် သင်တစ်ဦးက ပြောပါတယ်။

နေတန်ယာဟုဟာ မဲဆန္ဒရှင်တွေကို အမြဲတမ်းကွဲကွဲပြားပြား သိအောင်လုပ်တယ်။ ဒီတစ်ခါတော့   သူဟာ   နိုင်ငံရေး မြေပုံကို အရင်ကထက်တောင် ပိုလို့ ဖတ် တတ်ဖို့  လိုလာပါပြီလို့  သူကဆက်လက် ပြောပါတယ်။ ရွေးကောက်ပွဲ ဝင်ရောက် အရွေးခံတဲ့သူတွေမှာ ဝန်ကြီးချုပ် မဖြစ်နိုင်တဲ့သူတွေ မရှိပါဘူးလို့ လီကွတ်ပါတီ ကို   မဲပေးမယ့်    အလွန်ဂေါက   ပြောပါတယ်။  နောက်ဆုံးတော့  ဘယ်သူ့ကို မဲပေးရမလဲဆိုတာ   သိပြီလို့    သူက ပြောပါတယ်။

နေတန်ယာဟုကလည်း သူ့ကိုယ်သူ   အစ္စရေးနိုင်ငံအတွက်   မရှိမဖြစ် အရေးပါတဲ့  ခေါင်းဆောင်တစ်ယောက် အဖြစ် သုံးသပ်ပြောကြားပြီး ပြိုင်ဘက်တွေမှာ    ပျော့ကွက်တွေ    ရှိတယ်။ လက်ဝဲစွန်းရောက်တယ်လို့    ပြောကြား လိုက်ပြီး    သူ့လက်ထက်မှာ အစ္စရေးရဲ့ စီးပွားရေး      ဖွံ့ဖြိုးတိုးတက်မှုတွေကိုလည်း အသားပေး  ပြောကြားခဲ့ပါတယ်။

ဒီတစ်ခါလည်း လိုင်ဘာမင်န်းဟာ နေတန်ယာဟုကို   ဝန်ကြီးချုပ်အဖြစ် ဆက်လုပ်ခွင့်ပေးမလား။ ဒါမှမဟုတ်ရင် ညွန့်ပေါင်းအစိုးရမဖွဲ့နိုင်အောင်     လုပ်ဆောင်မလား။     တစ်ဖက်မှာလည်း    ဂန့်ဇ်သာ  အနိုင်ရခဲ့မယ်ဆိုရင်    သူက ကော တခြားပါတီငယ်တွေရဲ့ထောက်ခံမှုကိုရပြီး    အစိုးရဖွဲ့နိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာ  ဖြစ်ပါတယ်။

အေအက်ဖ်ပီ
ထွန်းသစ်စ