ဒမတ်စကတ် နိုဝင်ဘာ ၆
လက်ဘနွန်နိုင်ငံ၌ အစ္စရေးတို့၏ ပြင်းထန်သည့်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့် ရက်ပေါင်း ၅၀ အတွင်း လက်ဘနွန်နိုင်ငံရောက် ဆီးရီးယားဒုက္ခသည် ၂၁၆ ဦးထက်မနည်း သေဆုံး ခဲ့ပြီး ဖြစ်ကြောင်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က နိုဝင်ဘာ ၅ ရက်တွင် ပြောသည်။
နိုဝင်ဘာ ၅ ရက်က ပြုလုပ်ခဲ့သည့် အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် လက်ဘနွန်နိုင်ငံ တောင်ပိုင်း ဘာဂလီယာကျေးရွာရှိ ဆီးရီးယားဒုက္ခသည် သုံးဦး သေဆုံးခဲ့ရသည်ဟု အဆိုပါအဖွဲ့ က ပြောသည်။
စက်တင်ဘာလနှောင်းပိုင်း လက်ဘနွန်သို့ အစ္စရေးတို့ စတင်တိုက်ခိုက်ချိန်မှစ၍ ဆီးရီးယား ဒုက္ခသည်အမျိုးသမီး ၃၇ ဦးနှင့် ကလေး ၅၂ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။ ဟစ်ဇ်ဘိုလာအဖွဲ့နှင့် ဆက်နွယ်မှုလုံးဝမရှိသည့် အရပ်သားများနှင့် ဆီးရီးယားဒုက္ခသည်များအပေါ် ပစ်မှတ်ထားကာ တိုက်ခိုက်ခြင်းကို ရှုတ်ချကြောင်း အဆိုပါအဖွဲ့က ပြောသည်။
ဆီးရီးယားဒုက္ခသည်များအပါအဝင် အရပ်သားများ ထိခိုက်နစ်နာမှုကို ကာကွယ်ရန်အတွက် အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းနှင့် လူ့အခွင့်အရေးအဖွဲ့များက အမြန်ဆုံးအရေးယူဆောင်ရွက်မှု များပြုလုပ်ပေးရေး တောင်းဆိုခဲ့သည်။ ထို့ပြင် လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်ခံစား ရသည့် မိသားစုဝင်များအတွက် ခိုလှုံရာနေရာ၊ အစားအသောက်နှင့် ဆေးဘက်ဆိုင်ရာအကူအညီများ ထောက်ပံ့ပေးရန် အဆိုပါအဖွဲ့က တိုက်တွန်းခဲ့သည်။
ဆင်ဟွာ