အစ္စရေးတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၃၅၆ ဦးရှိ

၂၆ ဇွန်

 

 

အစ္စရေးနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၅၆ ဦး အထိရှိလာပြီး ကူးစက်ခံရသူ အရေအတွက် ၂၂၄၀ဝ အထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

 

ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၃၀၈ ဦးမှ ၃၀၉ ဦးအထိ မြင့်တက်ခဲ့ပြီး အခြေအနေ စိုးရိမ်ရသူ အရေအတွက်မှာ ၄၆ မှ ၄၇ အထိ တိုးလာကြောင်းနှင့်ဆေးရုံတွင် လက်ရှိတက်နေသူ ၁၈၆ ဦး ရှိကြောင်း ဖော်ပြထားသည်။

 

 

ကူးစက်ခံရမှုမှ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ၆၇ ဦးရှိပြီး ပြန်လည်ကောင်းမွန်လာသူပေါင်း ၁၆၀ဝ၇ ဦး ရှိသည်။

 

 

ထိုနေ့အစောပိုင်းတွင် အထူးဝန်ကြီးဌာနဆိုင်ရာ ကော်မတီတစ်ခုက ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားသော ကမ်းရိုးတန်းမြို့များဖြစ်သည့် ဘတ်ယမ်နှင့် အာရှဒေါ့တွင် ကန့်သတ်ချက်များ ချမှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးနှင့်ကျန်းမာရေး ဝန်ကြီးဌာနတို့၏ ပူးတွဲထုတ်ပြန်ချက်အရ သိရသည်။

 

 

အဆိုပါ ဆုံးဖြတ်ချက်တွင် စာသင်ကျောင်းများ ပိတ်ခြင်း၊ ၁၀ ဦးထက်ပို၍ လူစုခြင်းနှင့် အထွေထွေ ကန့်သတ်ချက်များ တိုးမြှင့်ပြဌာန်းခြင်းတို့ ပါဝင်သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို