အစ္စရေးတွင် ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ရမည့်အမိန့် ပြန်လည်ချမှတ်

ဂျေရုဆလင် ဇွန် ၂၆

အစ္စရေးတွင် ဗီဇပြောင်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကြောင့် အဆောက်အအုံအတွင်း ပါးစပ်၊ နှာခေါင်း စည်းမဖြစ်မနေ ပြန်လည်တပ်ဆင်ရမည့် အမိန့်ကိုချမှတ်ခဲ့သည်။ ယင်းအမိန့်ကို ဇွန် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အစ္စရေးပြည်သူများအနေဖြင့် အဆောက်အအုံ အတွင်းသာမက အဆောက်အအုံပြင်ပတွင် ပြုလုပ် သည့် လူစုလူဝေးပွဲများတွင်ပါ ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ရမည်ဖြစ်သည်။ တိုင်းပြည်အတွင်း အသက် ၁၆ နှစ်နှင့် အထက် လူပေါင်း ၈၀ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးပြီးဖြစ်သည်။

အစ္စရေးအစိုးရသည် ဇွန် ၁၅ ရက်တွင် အဆောက်အအုံအတွင်း ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ရမည့် အမိန့်အပါအဝင် အခြားသော ကန့်သတ်ချက်များကို ဖယ်ရှားပေးခဲ့သည်။

မကြာသေးမီ သီတင်းပတ်များအတွင်း နေ့စဉ် ကူးစက်မှုနှုန်းမှာ နှစ်ဆနီးပါး ကျဆင်းခဲ့သည်။ သို့သော်လည်း ဇွန် ၂၄ ရက်တွင် ကိုဗစ်-၁၉ ကူးစက် ခံရသူ ၂၀၀ ကျော်ရှိလာခဲ့သည်။ အိန္ဒိယတွင် တွေ့ရှိရ သည့် ဗီဇပြောင်း ကိုဗစ်-၁၉ ကူးစက်မှုများဟု ယူဆရသည်။

အစိုးရသည် အသက် ၁၂ နှစ်မှ ၁၅ နှစ်ကြား ကလေးများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေး နေစဉ်လေဆိပ်တွင်လည်း အသွားအလာ ကန့်သတ် မှုများကို ပြန်လည်ပြုလုပ်နေသည်။ အစ္စရေးနိုင်ငံတွင် ကိုဗစ် -၁၉ ကြောင့် ပြင်းပြင်းထန်ထန် ခံစားရသည့် | လူနာအရေအတွက်မှာမူ ဆက်လက်နိမ့်ပါးနေဆဲ ဖြစ်သည်။

အင်န်အိတ်ချ်ကေ