အစ္စရေးဝန်ကြီးချုပ် ယူအေအီးနိုင်ငံသို့ ပထမဆုံးအကြိမ် တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်

ဂျေရုဆလင် ဒီဇင်ဘာ ၁၄

 

အစ္စရေးနိုင်ငံသည် မကြာသေးမီအချိန်အတွင်းကမှ ယူအေအီးနိုင်ငံနှင့် ဆက်ဆံရေးထူထောင်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာစေရေးအတွက် အစ္စရေးဝန်ကြီးချုပ်အနေဖြင့် ပထမဆုံးအကြိမ် တရားဝင်ခရီးအဖြစ် ဒီဇင်ဘာ ၁၂ ရက်က ယူအေအီးနိုင်ငံသို့သွားရောက်ခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

 

သမိုင်းဝင်ခရီး သွားရောက်ရသည့်အတွက်လည်း ကျေနပ်မိကြောင်း အစ္စရေးဝန်ကြီးချုပ် နာ့ဖ်တလီဘန်းနက်က တဲလ်အဗစ်မြို့ အပြင်ဘက် ဘင်ဂူရီယန်လေဆိပ်တွင် သတင်းထောက်များကို ပြောသည်။ ခရီးစဉ်အတွင်း အဘူဒါဘီအိမ်ရှေ့ မင်းသား ရှိတ်ခ်မိုဟာမက် ဘင်ဇေယက်အယ်နာယန် နှင့် ဒီဇင်ဘာ ၁၃ ရက်တွင် တွေ့ဆုံခဲ့သည်။

 

ထို့ပြင် ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်သည်။ အစ္စရေးနှင့် ယူအေအီးနိုင်ငံတို့ ပုံမှန်ဆက်ဆံရေးထူထောင်ပြီး ၁၄ လအကြာတွင် ယခုလို ချစ်ကြည်ရေးခရီးသွား ရောက်ခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးဝန်ကြီးချုပ် မစ္စတာဘန်းနက်က ပြောသည်။

 

ဆင်ဟွာ