အဆောင်နံရံ ဖြိုချစဉ် အုတ်နံရံပြိုကျ၍ လူသေဆုံးမှု လမ်းမတော်မြို့နယ်၌ ဖြစ်ပွားခဲ့

ရန်ကုန် ၂၅ ဇွန်

 

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၌ အုတ်နံရံပြိုကျ၍ လူသေဆုံးမှု ဇွန် ၂၃ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

လမ်းမတော်မြို့နယ်၊ ဗဟိုအမျိုးသမီးဆေးရုံ၊ မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်(၂)ထပ် တိုက်ပေါ်တွင် အဆောင်ပုံစံပြောင်းရန် နံရံ ဖြိုချနေစဉ် အုတ်နံရံပြိုကျ၍ အုတ်နံရံဖြိုသူ ပန်းရန်ခေါင်းဆောင် ဦးမောင်နွဲ့မှာ ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

သေဆုံးသူ ပန်းရန် ခေါင်းဆောင် ဦးမောင်နွဲ့မှာ အဆောက်အဦ ပုံစံပြောင်းရန် ၎င်းတစ်ဦးတည်း နံရံများ ဖြိုချနေစဉ် အုတ်နံရံပြိုကျ၍ ဖော်ပြပါ ဒဏ်ရာများရရှိကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်စဉ် ဆေးရုံကြီးတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

 

ဖြစ်စဉ်နှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် လမ်းမတော်မြို့မရဲစခန်းမှ အမှုဖွင့်ပြီး စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ချယ်ရီ