“အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည် ကုစားရေးလုပ်ငန်းကော်မတီ”  အစည်းအဝေး ကျင်းပ 

mdn

နေပြည်တော် ဩဂုတ် ၁၆
    
မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်း စီမံချက်၏ “အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှား ရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ” အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပသည်။
    
ဦးစွာ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်၏ ပထမငါးနှစ်စီမံကိန်း (၂၀၁၉-၂၀၂၃) သည် မကြာခင် ပြီးဆုံးတော့မည်ဖြစ်သည့်အတွက် လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက် နိုင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် သင်တန်းကျောင်းအခြေပြု ကလေးသူ ငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ရပ်ရွာအခြေပြု ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲရေးစနစ်ထူထောင်၍ ရပ်ရွာအတွင်းရှိ ပြစ်မှုနှင့် ငြိစွန်းသည့် ကလေးသူငယ် ဖြစ်ရပ်များ၊ ပြစ်မှုနှင့် ငြိစွန်းခြင်းမရှိသည့် ကလေးသူငယ်ဖြစ်ရပ်များကို သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကလေး အလုပ်သမားပြဿနာသည် မိမိတို့နိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ဖြစ်ပေါ် လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခြင်းကြောင့်လည်း စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများ၏   နောက်ဆက်တွဲ အခြေအနေများအရ  ကလေးများမှာ  ပညာရေးနှင့် အလှမ်းဝေးသည့် အနေအထားသို့ ရောက်ရှိ၍ ကလေးအလုပ်သမားများ အဖြစ်သို့ ရောက်ရှိကြသည်ကိုလည်း သုံးသပ်တွေ့ရှိရပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ကလေးသူငယ်များအတွက်  ဝိုင်းဝန်းဆွေးနွေးပေး စေလိုပါကြောင်း ဆွေးနွေးပြောကြား သည်။
    
ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က “အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစား ရေး လုပ်ငန်းကော်မတီ”၏ ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းစဉ်များ၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းစဉ်များ ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကလေးအလုပ်သမားများနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။
    
ထို့နောက် တက်ရောက်လာသူ ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက် ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုတိယဝန်ကြီးက  နိဂုံးချုပ်အမှာစကားပြောကြားခဲ့ ကြောင်း သိရသည်။

(သတင်းစဉ်)