အဆင့်မြင့်အသက်မွေးမှု ကောလိပ်ကျောင်းများတွင် နိုင်ငံရပ်ခြားကျောင်းသား၊ ကျောင်းသူ ၁၇၀ဝ၀ ရှိ

၂၁ ဇွန်

၂၀၁၈ ခုနှစ် တရုတ်အဆင့်မြင့်အသက်မွေးမှု ကောလိပ်ကျောင်းများတွင် နိုင်ငံရပ်ခြားကျောင်းသား၊ ကျောင်းသူ ၁၇၀ဝ၀ ဦး ရှိကြောင်း အဆင့်မြင့်အသက်မွေးမှုပညာရေးအရည်အသွေးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာအရ သိရသည်။

ရှန်ဟိုင်းအကယ်ဒမီပညာရေးသိပ္ပံ နှင့် MyCOS ၊ ပညာရေးသုတေသနအဖွဲ့ သတင်းထုတ်ပြန်ချက်အရ အဆင့်မြင့်အသက်မွေးမှုပညာရေးအတွက် တရုတ်သင်ကြားရေး စံသတ်မှတ်ချက်  ၅၉၅ ချက်ကို ချမှတ်ထားကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

ရပ်ဝန်းနှင့်ပိုးလမ်းမတစ်လျှောက်ရှိနိုင်ငံများမှ အဆင့်မြင့်အသက်မွေးမှု နိုင်ငံရပ်ခြားကျောင်းသားများ အတွက်  တရုတ်အဆင့်မြင့်အသက်မွေးမှုကောလိပ်ကျောင်းခွဲများ တည်ဆောက်ခြင်းအတွက်အဓိက အရင်းအမြစ်ဖြစ်ကြောင်း ယင်းအစီရင်ခံစာတွင် ပြောကြားထားသည်။

အဆင့်မြင့်အသက်မွေးမှုကောလိပ်ကျောင်း ၁၃၄၄ က ပညာရေးဆိုင်ရာ အရည်အသွေးနှင့် ပတ်သက်သည့် နှစ်ပတ်လည် အစီရင်ခံစာများ ပြီးခဲ့သည့် နှစ်က ထုတ်ပြန်ခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို