အစိုးရဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲနှင့် နိကာယ်စာမေးပွဲတို့တွင် ထားဝယ်စာဖြေဌာနမှ ရဟန်း/သာမဏေ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်စုစုပေါင်း(၆၆)ပါးအောင်မြင်

ထားဝယ် ဇန်နဝါရီ ၂၄

 

၂၀၂၁ ခုနှစ် နှင့် ၂၀၂၂ ခုနှစ်တို့တွင် ကျင်းပပြုလုပ်ခဲ့သည် အစိုးရဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲနှင့်နိကာယ် စာမေးပွဲတို့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်စာဖြေဌာနမှ ရဟန်း/သာမဏေ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်စုစုပေါင်း(၆၆)ပါး အောင်မြင်ခဲ့ကြောင်း သိရသည်။

 

ထားဝယ်စာဖြေဌာနမှ ၂၀၂၁/၂၀၂၂ ခုနှစ်၊ ဓမ္မာစရိယ၊ နိကာယ်နှင့် ပထမပြန်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုအောင်မြင်ကြသော စာအောင် သံဃာတော်၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များတွင် ဓမ္မာစရိယ(၃)ကျမ်းအောင် သံဃာတော်(၁)ပါးနှင့် သီလ ရှင် (၁)ပါး၊ နိကာယ်အုပ်စု(၁)အောင် သံဃာတော်(၂)ပါး၊ နိကာယ်အုပ်စု(၈)အောင် သံဃာတော်(၂)ပါး၊ ပထမကြီးတန်း အောင် သံဃာတော်(၃)ပါး၊ ပထမလတ်တန်းအောင် သံဃာတော်(၆)ပါး၊ ပထမငယ်တန်းအောင် သံဃာတော်(၁၂)ပါး၊ အခြေပြုမူလတန်းအောင် သံဃာတော်(၃၉)ပါးစုစုပေါင်း(၆၆)ပါးအောင်မြင်သည်။

 

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ၂၀၂၁-၂၀၂၂ ခုနှစ် စာအောင်သံဃာတော်များအား စာအောင် ဆုနှင်းသဘင် ပူဇော်ပွဲမင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၂၇ ရက်တွင် ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်း ပမည်ဖြစ်ကြောင်းသတင်းရရှိသည်။

 

ငွေဇင်ယော်(ထားဝယ်)