အစိုးရလိုလားသောအီရန်နိုင်ငံသားများ တီဟီရန်တွင် စုဝေးကာ အစိုးရဆန့်ကျင်သောဆန္ဒပြမှုများကို ရှုတ်ချ

၂၆ နိုဝင်ဘာ

အီရန်အစိုးရကိုထောက်ခံသည့် ထောင်ချီရှိသောလူများသည် တီဟီရန်တွင် စုဝေးကာ ယခုလအစောပိုင်းက အစိုးရ၏ လောင်စာဆီဈေးနှုန်းမြင့်တက်ခဲ့ပြီးနောက် အစိုးရဆန့်ကျင်သော ဆန္ဒပြမှုများကို ရှုတ်ချခဲ့ကြသည်။

အစိုးရနှင့်အနီးကပ်ဆက်ဆံမှုရှိသည့် အုပ်စုတစ်စု၏ အစီအစဉ်ဖြင့် ၎င်းတို့သည် ထိုမြို့တော်တွင် ယမန်နေ့က စုဝေးခဲ့ကြသည်။

အမေရိကန်ပြည်ထောင်စု၊ အစ္စရေးနှင့် အခြားသောအမေရိကန်မဟာမိတ်အဖွဲ့များက အစိုးရဆန့်ကျင်ဆန္ဒပြသမားများကို အစွန်းရောက်လုပ်ရပ်များ လှုံ့ဆော်သည်ဟု အဆိုပါ စုဝေးပွဲ ပါဝင်သူများက  စွပ်စွဲခဲ့ကြပြီး အမေရိက ကျဆုံးပါစေနှင့် အစ္စရေး ကျဆုံးပါစေ ဟုဆိုကာ အော်ဟစ်ခဲ့ကြသည်။

နိုင်ငံခြားအင်အားကြီးနိုင်ငံများက အီရန်ဆူပူအုံကြွမှုများကို အားပေးခဲ့မည်ဆိုပါက လက်တုံ့ပြန်မည်ဖြစ်ကြောင်း အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ အကြီးအကဲက သတိပေးပြောဆိုခဲ့သည်။

နိုင်ငံအနှံ့ဖြစ်ပွားခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားများအကြား မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများမှ သေဆုံးသူအရေအတွက်ကို အီရန်အစိုးရက ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

ထိုတိုက်ခိုက်မှုများကြောင့် ၁၄၃ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့အစည်းက ဆိုသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို