အစိုးရနည်းပညာကောလိပ်(မိုးညှင်း)၌ ဘာသာရပ်ပေါင်းစုံ မိုးရာသီအားကစားပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မိုးညှင်း        ဇူလိုင်      ၂၀


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် အစိုးရနည်းပညာကောလိပ်(မိုးညှင်း)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ မိုးရာသီ အားကစားပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုများချီးမြှင့်ပွဲကို ဇူလိုင် ၁၉ ရက်က ကျောင်းပင်မဆောင်ရှေ့၌ ကျင်းပခဲ့သည်။

 

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အမျိုးသား ငါးသင်း၊ စစ်တုရင်ပြိုင်ပွဲတွင် အမျိုးသား ငါးသင်း၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် အမျိုးသား ငါးသင်း၊ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အမျိုးသား အမျိုးသမီး ခုနစ်သင်း၊ ကြက်တောင်ရိုက်ပြိုင်ပွဲတွင် အမျိုးသား အမျိုးသမီး ငါးသင်းနှင့် လက်ဆင့်ကမ်း အပြေးပြိုင်ပွဲတွင် အမျိုးသား အမျိုးသမီး ကိုးသင်းတို့က ဇူလိုင် ၁၁ ရက်မှ ၁၉ရက်ထိ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဆုရရှိခဲ့သည့် ကျောင်းသား ကျောင်းသူများကို တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။ 


ဇွဲသူရအောင်(ပြန်/ဆက်)