အစိုးရသစ်လက်ထက် သြစတြေးလျဝန်ကြီးချုပ် ပထမဆုံးဝန်ကြီးအဖွဲ့သစ် ကြေညာ

ကန်ဘာရာ  ဇွန် ၁

သြစတြေးလျ       ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ်က မေ ၃၁ ရက်က ၎င်း၏ အလုပ်သမား  ပါတီ      အစိုးရသစ်လက်ထက်  ပထမဆုံးဝန်ကြီး     အဖွဲ့သစ်ကို     ထုတ်ဖော် ပြောကြားရာ   အဖွဲ့ဝင်   ၃၀ ပါ ပထမဆုံး ဝန်ကြီးအဖွဲ့သစ် တွင်  အမျိုးသမီးအဖွဲ့ဝင်  ၁၃ ဦး  ပါဝင်ကြောင်း သိရသည်။ 

အထွေထွေရွေးကောက်ပွဲတွင်  အလုပ်သမားပါတီက အနိုင်ရရှိပြီး ၁၀ ရက်အကြာ ဝန်ကြီးဌာနသစ် ဖွဲ့စည်းမည့်           ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

မေ ၃၁ ရက်က သြစတြေးလျ  အသံလွှင့်     ကော်ပိုရေးရှင်းက လေဘာပါတီသည်       အောက် လွှတ်တော်အမတ်နေရာ      ၁၅၁ နေရာ၌  ၇၇  နေရာအထိ   အနိုင် ရရှိပြီး  အစိုးရဖွဲ့စည်းနိုင်မည်ဖြစ် ကြောင်း ခန့်မှန်းခဲ့သည်။

ကန်ဘာရာ၌ရွေးကောက်ပွဲကျင်းပချိန်မှစကာ     ပထမဆုံး အကြိမ်အဖြစ် အလုပ်သမားပါတီ ရုံးခန်းတွင် မိန့်ခွန်းပြောကြားရာ အယ်လ်ဘာနီးစ်က ၎င်း၏အစိုးရ လက်ထက်     နိုင်ငံရေးခေါင်းစဉ် အောက်တွင် သဘောထားကွဲပြား မှုများကို အနည်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 

ဝန်ကြီးသစ်များသည် အစိုးရ အိမ်တော်တွင်   ဇွန် ၁ ရက်တွင် ကျမ်းသစ္စာ        ကျိန်ဆိုမည်ဖြစ် သည်။ 

ဆင်ဟွာ