အော်ဒီကနေထုတ်လုပ်တဲ့ နည်းပညာ အဆင့် ၃ ရှိ မောင်းသူမဲ့ကား ဈေးကွက်ပေါ်တွင် တွေ့ရတော့မည်

ဂျာမဏီ ၃ ဇန်နဝါရီ

 

ဂျာမန် ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ အော်ဒီက အဝေးပြေးလမ်းမထက် မောင်းနှင်ရာမှာ ထိန်းကျောင်းမောင်းနှင်ဖို့ လူမလိုတဲ့ ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့ကား ရောင်းချနိုင်ရန် စီစဉ်နေကြောင်း သိရပါတယ်။  

 

ဂျာမဏီနိုင်ငံက ထုတ်လုပ်မှာဖြစ်ပြီး ကားပုံစံ ထွက်လာတော့မှာလို့ သိရပါတယ်။ စံချိန်စံညွှန်းများအရ မောင်းသူမဲ့ကားများကို အမြင့်ဆုံးအဆင့် ၅ အထိသတ်မှတ်ထားပြီး အခုထုတ်လုပ်မည့်ကားဟာ အဆင့်-၃ ရှိတယ်လို့ NHK သတင်းအရ သိရပါတယ်။ 

 

ဂျပန် နစ်ဆန်းကားကုမ္ပဏီက အဝေးပြေးလမ်းမထက် ယာဉ်လမ်းကြောင်း အလိုအလျောက် ပြောင်းလဲနိုင်ပြီး အဆင့်-၂  မော်ဒယ်ရှိတဲ့ နည်းပညာတစ်ခုကို ဒီနှစ်မှာ မိတ်ဆက်ဖို့ စီစဉ်ထားပါတယ်။ ဂျပန်အစိုးရ အနေဖြင့် ၂၀၂၀ ခုနှစ် ဂျပန်နိုင်ငံ တိုကျိုမှာ လက်ခံကျင်းပမယ့် နွေရာသီ အိုလံပစ် အားကစားပြိုင်ပွဲ ကျင်းပနေချိန်မှာ  အဆင့်-၃ ဒါမှမဟုတ် အဆင့်-၃ထက် ပိုမိုကောင်းမွန်တဲ့  မောင်းသူမဲ့ကားတွေကို ဈေးကွက်ထဲချနိုင်ဖို့ လိုလားလျှက်ရှိပါတယ်။ 

 

မောင်းသူမဲ့နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ယာဉ်ဟာ မတော်တဆ ယာဉ်တိုက်မှုတွေ ဖြစ်ခဲ့မယ်ဆိုရင် ဘယ်သူက တာဝန်ယူမလဲဆိုတဲ့ အကြောင်းအရာတွေအပေါ် အငြင်းပွားမှုတွေလည်း ရှိနေပါတယ်။  

 

ဘာသာပြန် မိုးမမ (MDN)
ကိုးကား>NHK