အောက်စဖို့ဒ်တက္ကသိုလ်နဲ့ ဆေးကုမ္ပဏီတို့ ပူးတွဲထုတ်လုပ်တဲ့ ဗိုင်းရပ်စ်ကာကွယ်ဆေး ပြန်လည်စမ်းသပ်

၁၃ စက်တင်ဘာ

 

ဗြိတိန်နိုင်ငံက အောက်စဖို့ဒ်တက္ကသိုလ်နဲ့ AstraZeneca ဆေးကုမ္ပဏီတို့ ပူးတွဲထုတ်လုပ်တဲ့ ဗိုင်းရပ်စ်ကာကွယ်ဆေးဟာ စမ်းသပ်ခံတစ်ဦး ဖျားနာတဲ့အတွက် ခေတ္တရပ်ဆိုင်းရာမှ စနေနေ့ကစပြီး ပြန်လည်စမ်းသပ်နေပြီဖြစ်ကြောင်း သိရပါတယ်။

 

ပြီးခဲ့တဲ့အင်္ဂါနေ့က ကာကွယ်ဆေး စမ်းသပ်ခံတစ်ဦး ဖျားနာတဲ့အတွက် ဆေးနဲ့ဆက်စပ်မှု ရှိမလားဆိုတာ စမ်းသပ်ရန်အတွက် ကာကွယ်ဆေးစမ်းသပ်မှုကို ရပ်ဆိုင်ခဲ့ပြီး စနေနေ့ကတော့ ကာကွယ်ဆေးက ဆက်လက်စမ်းသပ်ရန် လုံခြုံကြောင်း သိရတဲ့အတွက် ပြန်လည်စမ်းသပ်နေပြီလို့ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးကို ထုတ်လုပ်နေတဲ့ ဆေးကုမ္ပဏီပေါင်း ၁၈၀ နီးပါးရှိကြောင်း၊ ကာကွယ်ဆေးကို ဘယ်ကုမ္ပဏီကမှ စမ်းသပ်ပြီးစီးမှု မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် ကမ္ဘာတစ်ဝန်းမှာ သေဆုံးသူ ၉၁၆,၀၀၀ အထိ မြှင့်တက်နေစဉ် ပိုးတွေရှိသူ ၂၈ ဒသမ ၅ သန်း အထိရှိလာကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP