အောင်လံ ဇွန် ၁၀
မကွေးတိုင်းဒေသကြီး အောင်လံမြို့၌ “ခရိုင်အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး” ကို ယမန်နေ့နံနက် ၉ နာရီက စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ အောင်လံခရိုင် အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (CEDAW) နှင့် လုပ်ငန်းစီမံချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) (NASPAW) ကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ အကောင်အထည်ဖော်လျက်ရှိပြီး ပဋိပက္ခအတွင်း ကာကွယ်မှုနှင့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အမျိုးသမီးများ၏ကဏ္ဍကို ထည့်သွင်းထားကြောင်း ပြောကြားသည်။
အာကာ(ပြန်/ဆက်)


