အောင်လံမြို့၌ ယဉ်ကျေးလိမ္မာနှင့် ကင်းထောက်သင်တန်းဖွင့်

အောင်လံ ဧပြီ ၂၁

 

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အောင်လံမြို့၌ ယဉ်ကျေးလိမ္မာနှင့် ကင်းထောက်သင်တန်းကို ဧပြီ၂၀ ရက်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးချစ်လွင်၊ အထက်တန်းကျောင်းအုပ်ဆရာ/ဆရာမကြီးများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးချစ်လွင်က အဖွင့်အမှာစကားပြောကြားပြီး အထက(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးမာလာခိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြော ကြားခဲ့သည်။

 

အဆိုပါသင်တန်းတွင် ယဉ်ကျေးလိမ္မာသင်တန်း၌  Grade-8 မှ Grade-11 ထိ သင်တန်းသား သင်တန်းသူ (၂၀၀)ဦးနှင့် ကင်းထောက်သင်တန်း၌ Grade-6/7 သင်တန်းသား သင်တန်းသူ (၁၀၀)ဦး စုစုပေါင်း (၃၀၀)ဦး တက်ရောက်ကာ အထက(ရွာထောင်)ကျောင်းတွင် ကွန်ပျူတာသင်တန်း၌ သင်တန်းသား သင်တန်းသူ (၂၁)ဦး၊ ကင်းထောက်သင်တန်း၌ သင်တန်းသား သင်တန်းသူ (၃၀)ဦး စုစုပေါင်း (၅၁)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ဧပြီ ၂၀ ရက်မှ ၂၆ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)