အောင်လံ ဇွန် ၃
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်တွင် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းများ နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၁ နာရီက သံရွာကျေးရွာ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှရွှေက အမှာစကားပြောကြားပြီး ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် သဘာဝမြေဩဇာကို စနစ်တကျ ပြုလုပ်သုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်သက်သာစေမည့်အပြင် မြေဆီလွှာ အာဟာရဖွံ့ဖြိုးတိုးတက်လာစေရေး အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးထွန်းလှအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သဘာဝမြေဩဇာ စနစ်တကျ ပြုလုပ်သုံးစွဲနည်း နည်းပညာရပ်များကို ဒေသခံတောင်သူများအား လက်တွေ့အသုံးချနိုင်ရေးတို့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)


