အောင်လံမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပြကြီးကျေးရွာနှင့် မိုးကောင်းကျေးရွာတွင် နေအိမ်များ အမိုးလန်ပျက်စီး

 

အောင်လံ၊ မေ ၃

 

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ယမန်နေ့ မွန်းလွဲ ၂ ခန့်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ပြကြီးကျေးရွာအုပ်စု၊ ပြကြီးကျေးရွာနှင့် မိုးကောင်းကျေးရွာအုပ်စု၊ မိုးကောင်းကျေးရွာတို့တွင် လူနေအိမ်များ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်ကြောင့် အောင်လံမြို့နယ်၊ ပြကြီးကျေးရွာအုပ်စု၊ ပြကြီးကျေးရွာတွင် လူနေအိမ်နှစ်လုံးနှင့် မိုးကောင်းကျေးရွာအုပ်စု၊ မိုးကောင်းကျေးရွာတွင် လူနေအိမ်တစ်လုံး အမိုးလန်ပျက်စီးခဲ့ရာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ခြောက်သိန်းခန့်ဖြစ်ကာ ထောက်ပံ့ပစ္စည်းများ ရရှိနိုင်ရေး သက်ဆိုင်ရာ သရက်ခရိုင်ဘေးစီမံနှင့် ချိတ်ဆက် သွားမည်ဖြစ်ပြီး မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များထိ ခိုက်မှုမရှိကြောင်း သိရသည်။

 

 

ဇင်ဇင်(ပြန်ဆက်)