မန္တလေး ဇွန် ၁၅
ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်များကို ဇွန် ၁၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အောင်မြေသာစံရပ်ကွက်၌ ကွင်းဆင်း ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အောင်မြေသာစံ မြို့နယ် ဦးစီးမှူး ဦးသိန်းလွင်နှင့်အဖွဲ့သည် အောင်မြေသာစံရပ်ကွက်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်း ၂၀ နှင့် အသက် ၁၆ နှစ်အထက် အမျိုးသား အမျိုးသမီး စုစုပေါင်း ၆၆ ဦး အား နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးခဲ့ပြီး ရပ်ကွက်နေ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူး များကို အသိပညာပေး ပြောကြားခဲ့သည်။
မြင့်မော်ထွန်း