အော်တိုရထား မတော်တဆမှု ဖြစ်ပွားမှု စုံစမ်းစစ်ဆေးမည်

၃ ဇွန် 

 


ဂျပန်နိုင်ငံ တိုကျိုအနီး ယိုကိုဟားမားတွင် ရထားဖြင့် ပုံမှန်အသွားအပြန်လုပ်သူများ အဆင်မပြေဖြစ်ခဲ့သည့် ပြီးခဲ့သည့် ရုံးပိတ်ရက်အတွင်း ထိုရထား မတော်တဆမှုဖြစ်ပွားခဲ့ပြီးနောက်   အော်တိုရထားစနစ် ထိန်းသိမ်းပြုပြင်ရန် လိုအပ်သဖြင့် ရထားပြေးဆွဲမှုကို ဆိုင်းငံ့ထားကြောင်း သိရသည်။     

 

 

္နတ

         

 


ပြီးခဲ့သည့် စနေနေ့ညနေက မောင်းသူမဲ့ရထားတစ်စင်းသည် နောက်ပြန်လိမ့်သွားပြီး ပင်လယ်ကမ်းခြေသို့သွားရာ ရထားလမ်းရှိ  ရှင်-ဆုဂိတ  ဘူတာရုံ၌  အရှိန်ဖြင့် ဝင်ဆောင့်သည့်ဒဏ်ကို လျော့ပါးစေသည့် ကိရိယာတစ်ခုနှင့်  တိုက်မိကာ ၁၄ ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။ ထိုဘူတာရုံရှိ ရထားလမ်းကြောင်းများသည် မီတာ ၂၀ဝ ထက်ပိုမို ရှည်လျားသည်။

 


အသက်၂၉ နှစ်အရွယ် ကုမ္ပဏီ ဝန်ထမ်းတစ်ဦးက အလုပ်ကို မိနစ် ၃၀ ကျော်နောက်ကျရောက်မည်ဖြစ်ကြောင်းနှင့် ယင်းရထားမတော်တဆမှု ဖြစ်ပွားသည့် အကြောင်းရင်းကို အစွမး်ကုန် စုံစမ်းစစ်ဆေးပေးရန် လိုလားကြောင်း ပြောကြားခဲ့သည်။

 

မန့အ

 


အစိုးရ၏ သယ်ယူပို့ဆောင်ရေးနှင့် ဘေးကင်းလုံခြုံရေးအဖွဲ့မှ စုံစမ်းစစ်ဆေးသူများက ရထားကြမ်းပြင်အောက်တပ်ဆင်ထားမှု အပါအဝင် အော်တိုလုပ်ဆောင်မှုအတွက် ခလုတ်ကိရိယာများကို  စစ်ဆေးနေကြောင်း သိရသည်။

 


ကိုးကား - အန်အိတ်ချ်ကေ                
ဘာသာပြန် - မြင့်မြင့်ချို