အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စုံစမ်းစစ်ဆေးရေးဆိုင်ရာအမှုစစ်သင်တန်း အမှတ်စဉ် (၁/၂၀၂၃)  သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော် ဇွန် ၂၃

 

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ်သင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကော်မရှင်ရုံး စုပေါင်း ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကော်မရှင်ရုံးခွဲတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား သင်တန်းသူ (၃၆) ဦး တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးဥက္ကဋ္ဌက စစ်ဆေးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာခြင်းအားဖြင့် စနစ်တကျ လုပ်ကိုင်တတ်လာမည်ဖြစ်သကဲ့ သို့မိမိတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကိုလည်း ပိုင်းခြားသိမြင်နိုင်စေမည်ဖြစ်ကြောင်း၊ အောင်မြင်သည့် စစ်ဆေးရေးမှူး ကောင်းများ ဖြစ်လာစေရေးအတွက် လေ့လာမှုအားကောင်းမှသာလျှင် တွေးခေါ်ကြံဆမှုများ ကောင်းမွန်လာမည်ဖြစ်သည့်အတွက် မိမိတို့တစ်ဦးချင်း ဘဝတိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တစ်ဦးတစ်ယောက်ချင်းစီ၏ စွမ်းဆောင်မှုများ ကောင်းမွန်ပါက စုံစမ်းစစ်ဆေးရေးအဖွဲ့များ၏ အရည်အသွေးမြင့်မားလာကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ စွမ်းဆောင်ရည်များလည်း မြင့်မားလာမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် သက်ဆိုင်ရာဌာနများဖြစ်ကြသည့် ကော်မရှင်ရုံးအဖွဲ့၊ စီမံရေးရာဦးစီးဌာန၊ နိုင်ငံတကာ ရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)