အဂတိလိုက်စားမှုနှင့်ပတ်သက်သော လူထုအသိပညာပေးဆွေးနွေး

ဆော  ၁၄   ဇန်နဝါရီ 


ဂန့်ဂေါခရိုင် ဆောမြို့နယ် ကျောက်ထုမြို့ဒေသ၏ လူမှုရေးအသင်းအဖွဲ့တစ်ခုဖြစ်သည့် မြို့ရွာ စောင့်ရှောက်ရေးအသင်းက ကြီးမှူး၍ “သင့်မြို့ရွာကို စောင့်ရှောက်ပါ” ခေါင်းစဉ်ဖြင့် အဂတိ လိုက်စားမှုနှင့် ပတ်သက်သော လူထုအသိပညာပေး ဆွေးနွေးပွဲကို ဇန်နဝါရီ ၁၃ ရက် မွန်းလွဲပိုင်းက ဆောမြို့ ယောမင်းကြီးဦးဘိုးလှိုင်ခန်းမ၌ ပြုလုပ်သည်။ 


ဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီး CARE YOUR COMMUNITY အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးအောင်ကျော်က ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ 


ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင်၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်မိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဝင်းနိုင်၊ ဌာနဆိုင်ရာများ၊ အရပ်ဘက် အဖွဲ့ အစည်းများမှ တာဝန်ရှိသူများက ဒေသတွင်း ပြသနာအခက်အခဲများကို ရှင်းလင်းတင်ပြခဲ့ကြသည်။


ယင်းနောက် CYC-Magway အဖွဲ့ဝင်များက အဂတိတိုက်ဖျက်ရခြင်း၏ ရည်ရွယ်ချက်များ၊ ဘတ်ဂျက်ရေးဆွဲ ခြင်းဆိုင်ရာ နည်းလမ်းများ၊ အဂတိတိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေများကို တက်ရောက်လာကြသူများနှင့် အပြန် အလှန်ဆွေးနွေးခဲ့ကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။ 


MDN