(AI) စက်ရုပ်များကို သက်ကြီးရွယ်အိုများ၏ ကူညီဖော်အဖြစ် အသုံးပြုနိုင်ဟု ထိုင်းမင်းသမီး အကြံပြု

ဉာဏ်ရည်တုနည်းပညာ (AI) တပ်ဆင်ထားသည့် စက်ရုပ်များကို သက်ကြီးရွယ်အိုများ၏ ကူညီဖော်များအဖြစ် အသုံးပြုနိုင်ကြောင်း ထိုင်းမင်းသမီး အူဘိုရာတာနာက အကြံပြု ပြောကြားလိုက်သည်။

ဉာဏ်ရည်တုနည်းပညာ ( AI ) တပ်ဆင်ထားသည့် စက်ရုပ်များကို အိမ်၌ ကလေးငယ်များအတွက်သာမက သက်ကြီးရွယ်အိုများအတွက်လည်း ကူညီဖော်များအဖြစ် အသုံးပြုနိုင်သည်ဟု ထိုင်းဘုရင် မဟာဝိဇယ လောင်ကွန်း၏ အစ်မတော်ဖြစ်သူ ထိုင်းမင်းသမီး အူဘိုရာတာနာက သူ၏ အင်စတာဂရမ်ပေ့ချ်၌ အကြံပြုရေးသားခဲ့သည်။ 

အိမ်၌ အထီးကျန်နေရသည့် သက်ကြီးရွယ်အိုများ အသုံးပြုရန်အတွက် “Din Sor (pencil)” ဟု အမည်ပေးထားသည့် ဉာဏ်ရည်တုနည်းပညာ ( AI ) တပ်ဆင်ထားသော စက်ရုပ်များပြုလုပ်သည့် ထိုင်း စက်ရုပ်ထုတ် လုပ်သူတစ်ဦးနှင့် တွေ့ဆုံခဲ့ကြောင်း ထိုင်းမင်းသမီး အူဘိုရာတာနာက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတောင်ပိုင်း ထရန်ပြည်နယ်သို့ သွားရောက်သည့် ခရီးစဉ်တစ်ခုအတွင်း ထိုင်းမင်းသမီး အူဘိုရာ တာနာသည် “Buddi” ဟု အမည်ပေးထားသည့် ဉာဏ်ရည်တုနည်းပညာ ( AI ) တပ်ဆင်ထားသည့် စက်ရုပ် တစ်ရုပ်ကို ယူဆောင်သွားခဲ့ပြီး ယင်းခရီးစဉ်အတွင်း “To Be Number One” ခေါ် မူးယစ်ဆေး တိုက်ဖျက်ရေးစီမံကိန်း အတွက် အဆိုပါ စက်ရုပ်ကို အသုံးပြုခဲ့ရာ တိုးတက်မှုကို ကြည့်ရှုလေ့လာခဲ့သည်ဟု ဆိုသည်။ 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်