အီဂျစ် ကိုင်ရိုတွင် ယာဉ်များစွာ ဆင့်တိုက်မှုဖြစ်ပွားသဖြင့်  ၁၉ ဦးသေဆုံးပြီး ၃၀ ဦး ဒဏ်ရာရ

၅ သြဂုတ်

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ယနေ့ယာဉ်များ ဆင့်တိုက်ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ၁၉ ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြား ၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီဂျစ်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

 

2

 

လမ်းပြောင်းပြန်မောင်းနှင်လာသည့် ကားသည်လမ်းကြောင်းမှန် သွားလာနေသည့် ယာဉ်သုံးစီးကို ဆင့်တိုက်ခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း  ထိုဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ 

မီးလောင်ကျွမ်းပြီး ယင်းပျက်စီးသွားသောကားများ၏ အပိုင်းအစများ လမ်းများတစ်လျှောက် ပြန့်ကြဲနေသည်ဟု မျက်မြင်သက်သေများက သတင်းထောက်များကို ပြောကြားခဲ့သည်။

ထိုယာဉ်သုံးစီး ဆင့်တိုက်မိပြီး ပေါက်ကွဲခဲ့သည့် အရှိန်ကြောင့် အနီးအနားရှိ အဆောက်အဦ၏ ပြတင်းမှန်များ ကျကွဲခဲ့သည်။

ဒဏ်ရာရသူများကို အနီးနားရှိ ဆေးရုံသုံးခုသို့ ပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့၏ ထိခိုက်ဒဏ်ရာများနှင့် မီးလောင်ဒဏ်ရာများကို ကုသမှုခံယူနေကြောင်း ဖော်ပြထားသည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို