ကိုင်ရို   ဇူလိုင်  ၂၀

အီဂျစ်နိုင်ငံ  ကိုင်ရိုမြို့  အနောက်ဘက် ဂီဇာပြည်နယ် ဆာကာရာရှိ ဘူဘာစတီယွန်   ရှေးသင်္ချိုင်းနယ်မြေ၌ နယူးကင်ဒန်ခေတ်(ဘီစီ ၁၅၅၀-၁၀၆၉)က ကျောက်သားများကို ထွင်းထု၍ ပြုလုပ်ထားသည့် ဂူသင်္ချိုင်းသုံးခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဇူလိုင် ၁၉ ရက်က ကြေညာသည်။

အီဂျစ်ရှေးဟောင်းသုတေသနအဖွဲ့က ရှာဖွေတွေ့ရှိခဲ့သော အဆိုပါဂူသင်္ချိုင်းများတွင် ရုပ်ပုံစာ အရေးအသားနှင့်ဆိုင်သည့် ကျောက်စာများနှင့် အရေးပါသည့် ရှေးဟောင်းသုတေသန အကြွင်းအကျန်များပါရှိကြောင်း အီဂျစ်ခရီးသွားလာရေးနှင့် ရှေးဟောင်းပစ္စည်းများဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။                            

ဆင်ဟွာ