အီဂျစ်နိုင်ငံ ဂီဇာပြည်နယ်ရှိ ဘုရားကျောင်း၌ မီးလောင်မှုဖြစ်ပွားရာ ၄၁ ဦးထက်မနည်း သေဆုံး

 

ကိုင်ရို ဩဂုတ် ၁၄

 

အီဂျစ်နိုင်ငံ ဂီဇာပြည်နယ်ရှိ ဘုရားကျောင်းတစ်ကျောင်း၌ မီးလောင်မှု ဖြစ်ပွားသောကြောင့် သေဆုံးသူ ၄၁ ဦး ထက်မနည်းရှိပြီး ထိခိုက် ဒဏ်ရာရရှိသူ  ၁၂  ဦးရှိကြောင်း  အီဂျစ်ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

 

အင်ဘာဘာရပ်ကွက်ရှိ  အဘူဆီဖင် ဘုရားကျောင်း၌ မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ပြီးသေဆုံးသူ အရေအတွက် ဆက်လက်မြင့်တက်နိုင်ကြောင်းနှင့် အခင်းဖြစ်ပွားရာသို့ လူနာတင်ကား ၃၇ စီး ပို့ဆောင်ထားကြောင်း  အဆိုပါဝန်ကြီးဌာန၏  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

လျှပ်စစ်ချွတ်ယွင်းမှုမှတစ်ဆင့် ဘုရားကျောင်း ဒုတိယထပ်ရှိ လေအေးပေးစက်မှစတင်ကာ မီးလောင်ခြင်းဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ သီးခြားထုတ်ပြန်ချက်အရသိရသည်။      

 

ဆင်ဟွာ