မတ် ၂၀
အီဂျစ်နိုင်ငံ အရှေ့မြောက်ပိုင်း Ismailia မြို့ရှိ ဆေးရုံတွင် ယမန်နေ့ကမီးလောင်မှုဖြစ်ပွားခဲ့ရာ လေးဦးထက်မနည်းသေဆုံးပြီး အခြားခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။ အရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့များက ထိုမီးလောင်မှုကို ငြှိမ်းသတ်ခဲ့ပြီး ဒဏ်ရာရရှိသူများအား Suez Canal University ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါဆေးရုံမီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကိုသိရှိရန် ကနဦးစစ်ဆေးမှုလုပ်ဆောင်ခဲ့သည်ဟု သိရသည်။ ထိုမီးလောင်မှုကြောင့် ဒဏ်ရာရရှိသူများအနက် နှစ်ဦးသည် အခြေအနေစိုးရိမ်ရသည်ဟု ထပ်လောင်းဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို