အီကွေဒေါနိုင်ငံတွင် လာမည့်နှစ်အတွင်း လူပေါင်း ကိုးသန်းကို ကာကွယ်ဆေးထိုးပေးသွားမည်

ကွီတို ၂၅ နိုဝင်ဘာ

လာမည့်နှစ်အတွင်း အီကွေဒေါနိုင်ငံ၌ လူပေါင်းကိုးသန်းထက်မနည်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးသွားမည်ဟု အီကွေဒေါ သမ္မတ လီနင်မိုရီနိုက နိုဝင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

တစ်နေ့လျှင် လူပေါင်း ၃၀၀၀၀ ကို ကာကွယ်ဆေးထိုးပေးနိုင်ပြီး ကာကွယ်ဆေးထိုးခြင်းသည်လည်း အချိန်ယူရမည်ဖြစ်ကြောင်း၊ သို့သော်လည်း တတ်နိုင်သမျှ လျင်လျင်မြန်မြန်နှင့် စောစော ကာကွယ်ဆေးထိုးပေး သွားမည်ဟု ရေဒီယိုအစီအစဉ်တွင် သမ္မတက ပြောကြားခဲ့သည်။

အီကွေဒေါနိုင်ငံသည် ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်လျက်ရှိသော ဆေးဝါးကုမ္ပဏီတိုင်းနှင့် ဆက်သွယ်ထားပြီးဖြစ်ကြောင်းလည်း သမ္မတက ပြောကြားခဲ့သည်။

ကာကွယ်ဆေးများ၏ အကျိုးသက်ရောက်မှုနှင့် လုံခြုံစိတ်ချရမှုကို သက်သေပြုပြီးနောက် အဆင်သင့်ဖြစ်သည်နှင့်တစ်ပြိုင်နက် အီကွေဒေါနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ၂၀၂၁ ခုနှစ် နှစ်ဝက်ကာလတွင် အီကွေဒေါနိုင်ငံသို့ ကိုဗစ်- ၁၉ ကာကွယ်ဆေး ၁၈ သန်း ရောက်ရှိရန် စီစဉ်ထားပြီး တိုင်းပြည်လူဦးရေ၏ ၆၅ ရာခိုင်နှုန်းကို ထိုးပေးသွားရန် စီစဉ်ထားသည်ဟု ကျန်းမာရေးဝန်ကြီး ဌာနက ပြောသည်။ အီကွေဒေါနိုင်ငံတွင် နိုဝင်ဘာ ၂၃ ရက်အထိ ကိုဗစ်၁၉ ကူးစက်ခံရသူ ၁၈၅၉၄၄ ဦးရှိပြီး သေဆုံးသူ ၁၃၂၅ ဦးရှိသည်ဟု သိရသည်။

ဆင်ဟွာ