အီရန်၊ အီရတ်နိုင်ငံများရှိ သံရုံးဝန်ထမ်း အင်အား ဗြိတိန်လျှော့ချ

၇ ဇန်နဝါရီ

 

အီရန် ထိပ်တန်း စစ်တပ်ခေါင်းဆောင် တစ်ဦးကို အမေရိကန်တို့ သတ်ဖြတ်ခဲ့ပြီးနောက်ပိုင်း တင်းမာမှုများမြင့်တက်လာသဖြင့် တီဟီရန်နှင့်ဘဂ္ဂဒက် မြို့တို့ရှိ သံရုံးဝန်ထမ်းအင်အားများကို အနည်းဆုံးအဆင့်အထိ ဗြိတိန် လျှော့ချခဲ့သည်ဟု စကိုင်းနယူးစ် သတင်းဌာနက ယမန်နေ့က ဖော်ပြခဲ့သည်။

 

သံတမန်များရုပ်သိမ်းခြင်းသည် ခြိမ်းခြောက်မှုကို သီးသန့်ထောက်လှမ်းခြင်းထက် ကြိုတင်လုပ်ဆောင်သည့် အဆင့်တစ်ခု ဖြစ်သော်လည်း တီဟီရန် ရှိ သံအမတ် ရော့ဘ် မာကရီ နှင့် ဘဂ္ဂဒက်ရှိ သံအမတ် စတီဖန် ဟစ်ကီ တို့ကို ဆက်လက်ထားရှိမည်ဖြစ်ကြောင်း သံတမန်သတင်းအရင်းအမြစ် ကိုးကား ဖော်ပြချက်အရ  သိရသည်။

 

ပြီးခဲ့သည့် သောကြာနေ့က ဘဂ္ဂဒက် အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီး အမေရိကန် လေကြောင်းတိုက်ခိုက်မှုတစ်ခုတွင် အီရန်ထိပ်တန်းတပ်မှူး ကာဆမ်းဆိုလန်းမန်းနီ သေဆုံးသွားခဲ့သည်။

 

ဆိုလန်းမန်းနီ သေဆုံးခြင်းသည်  အီရန်တို့၏ဒေါသနှင့် လက်စားချေ ခြိမ်းခြောက်မှုများ ဖြစ်စေခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို