အီရန်ဗိုလ်ချုပ်ကြီး ဆူလေမာနီ ရဲ့ ဈာပနကို  လူပေါင်းသောင်းချီ တက်ရောက်

၇ ဇန်နဝါရီ

 

ပြီးခဲ့တဲ့ သောကြာနေ့က အမေရိကန်နိုင်ငံ က ဒရုန်းအသုံးပြုပြီး တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ အီရန် ဗိုလ်ချုပ်ကြီး ကာဆမ် ဆူလေမာနီရဲ့ ရုပ်အလောင်းကို သူ့ရဲ့မွေးရပ်မြေ ကာမန်မှာ ဒီကနေ့ (အင်္ဂါနေ့) မှာ သဂြိုလ်မြုပ်နှံမည်ဖြစ်ရာ ဈာပနကို တက်ရောက်သူ သောင်းချီပြီး ရှိနေတာကို တွေ့ရပါတယ်။ 

 

5

 

အီရန်နိုင်ငံမှာ လူကြိုက်များထင်ရှားတဲ့ ဆူလေမာနီဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဘက္ကဒတ်လေဆိပ်ကနေ အထွက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အမိန့်နဲ့ ဒရုန်းအသုံးပြုပြီးတိုက်ခိုက်ရာ ဆူလေမာနီနဲ့အတူ အီရန်နိုင်ငံက ကျောထောက်နောက်ခံပေးထားတဲ့ အီရတ်စစ်အရာရှိများပါ သေဆုံးခဲ့ပါတယ်။

 

ဆူလေမာနီကို တိုက်ခိုက်သတ်ဖြတ်မှုကြောင့် အမေရိကန် နဲ့ အီရန် ကြားရှိ တင်းမာမှုဟာ ပေါက်ကွဲလုနီးပါး ဖြစ်လာပါတယ်။

 

သမ္မတ ဒေါ်နယ်ထရန်က အမေရိကန်နိုင်ငံသားတွေ (သို့မဟုတ်) အမေရိကန်ရဲ့ အကျိုးစီးပွားကို လက်စားခြေတဲ့အနေနဲ့ အီရန်ဘက်က တိုက်ခိုက်ခဲ့မယ်ဆိုရင် အီရန်နိုင်ငံရဲ့ အရေးကြီးတဲ့ ယဉ်ကျေးမှု အဆောက်အအုံတွေ အပါအဝင် နေရာ ၅၂ ခုကို ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ ရာဇသံပေးလိုက်ပါတယ်။ အဲဒီပြောဆိုချက်ကို ကုလသမဂ္ဂရဲ့ ယဉ်ကျေးမှုအဖွဲ့နဲ့  ဗြိတိန်နိုင်ငံတို့က နိုင်ငံတကာဥပဒေကိုလေးစားဖို့ လိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။ 

 

အီရန်နိုင်ငံမှာ ယူနက်စကို အသိအမှတ်ပြု ကမ္ဘာယဉ်ကျေးမှု အမွေအနှစ် အဆောင်အအုံပေါင်း ၂၀ ကျော် တည်ရှိရ နေရာဖြစ်ပါတယ်။

 

5

 

ဗိုလ်ချုပ်ကြီး ကာဆမ် ဆူလေမာနီ

 

ဗိုလ်ချုပ်ကြီး ဆူလေမာနီဟာ အီရန်စစ်တပ် (ကတ်တပ်ဖွဲ့) ရဲ့ ဗိုလ်ချုပ်ကြီး ဖြစ်ပြီး အရှေ့အလယ်ပိုင်း တစ်ဝိုက်တွင်  အီရန်ရဲ့ ပါဝင်ပတ်သတ်မှုအတွက် နောက်ကွယ်က ကြိုးကိုင်သူအဖြစ် သတ်မှတ်ထားခြင်း ခံရသူဖြစ်ပါတယ်။ ဆူလေမာနီဟာ အီရန်နိုင်ငံမှာ ခေါင်းဆောင်ကြီး အလာတိုယာ ခိုမေနီ ပြီးရင် ဒုတိယမြောက် အာဏာအရှိဆုံးသူဖြစ်ပါတယ်။  ဆူလေမာနီဟာ ဆင်းရဲတဲ့ မိသားစုကနေ မွေးဖွားခဲ့သူဖြစ်ပြီး အတန်းပညာအားဖြင့်လည်း အနည်းငယ်သာ တက်မြောက်သူဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ အီရန်ရဲ့ အာဏာအရှိဆုံး တပ်ဖွဲ့ဖြစ်တဲ့ ကတ်တပ်ဖွဲ့မှာ ကြီးပြင်းခဲ့သူဖြစ်ပြီး ခေါင်းဆောင်ကြီး ခိုမေနီ နဲ့ ရင်းနှီးသူ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

၁၉၉၈ ခုနှစ်မှာ ကတ်တပ်ဖွဲ့ရဲ့ အကြီးအကဲဖြစ်လာချိန်ကစပြီး ဆူလေမာနီဟာ အရှေ့အလယ်ပိုင်းမှာ အီရန်ရဲ့လွှမ်းမိုးမှု ပိုမိုမြင့်မားလာအောင် အီရန်ရဲ့ မဟာမိတ်တွေကို လက်နက်ထောက်ပံ့ခြင်းနဲ့ အီရန်နိုင်ငံအပေါ် သစ္စာရှိလာအောင် စစ်ရေးဆက်သွယ်မှုတွေ လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

 

 

အီရန်ရဲ့ လွှမ်းမိုးမှုတွေ မြင့်မားလာတဲ့ လက်ဘနွန်၊ ဆီးရီးယား နဲ့အီရတ်နိုင်ငံတွေ ဆီကို ဆူလေမာနီဟာ မကြာခဏ သွားရောက်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ သောကြောနေ့ကလည်း အီရတ်နိုင်ငံ ဆူလေမာနီဟာ ဘက္ကဒတ်နိုင်ငံတကာလေဆိပ်ကနေ ယာဉ်တန်းတွေအတူ ထွက်ခွာလာစဉ် တိုက်ခိုက်ခံခဲ့ခြင်းဖြစ်ပါတယ်။

 

4

 

၂၀၁၉ခုနှစ် ဧပြီလက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အီရန်ရဲ့ တော်လှန်ရေးတပ်ဖွဲ့နဲ့ ကတ်တပ်ဖွဲ့ဟာ နိုင်ငံခြားမှာ တည်ရှိတဲ့ အကြမ်းဖက် အဖွဲ့ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရန့်အစိုးရက လည်း ကတ်တပ်ဖွဲ့ဟာ ဂါဇာကမ်းမြောင် အခြေစိုက် ဟစ်စဘိုလာ နဲ့ ပါလက်စတိုင်းအစ္စလမ်မစ်ဂျီဟတ်အဖွဲ့ အပါအဝင် အရှေ့အလယ်ပိုင်း အခြေစိုက် အကြမ်းဖက်အဖွဲ့တွေကို ငွေကြေး၊ သင်တန်းနဲ့ လက်နက်တွေပါ ကူညီနေတယ်လို့ ပြောဆိုထားပါတယ်။

 

 

MDN

ကိုးကား - AFP