အီရန်ကို စီးပွားရေးအရ ကူညီရန် ပြင်သစ်ကမ်းလှမ်း

၄ စက်တင်ဘာ

 

ပြင်သစ်အစိုးရသည် အီရန်နိုင်ငံအား စီးပွားရေးအရ အကူအညီပေးရန် ကမ်းလှမ်းခဲ့ခြင်းနှင့် ပတ်သက်ပြီး ရိုက်တာသတင်းဌာနနှင့် အခြားသော သတင်းဌာနများက ပြင်သစ်နိုင်ငံအနေဖြင့် ဒေါ်လာ ၁၅ ဘီလီယံခန့် ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်ကို တွေ့ရှိရသည်။

 

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နောက်တစ်နေ့တွင် အဆိုပါ ကမ်းလှမ်းမှု အစီအစဉ်ကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။   

 

တီဟီရန်အနေဖြင့် ၂၀၁၅ နျူကလီးယားသဘောတူစာချုပ်ကို အပြည့်အဝလိုက်နာရန်နှင့် ပါရှန်ပင်လယ် ကွေ့တွင် လုံခြုံရေးခိုင်မာစိတ်ချအောင် လုပ်ဆောင်ထားရန် လိုအပ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။ ထို့အပြင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်အနေနှင့်လည်း ဖြေလျှော့မှုများ ထုတ်ပြန်လိမ့်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ ဒေါ်နယ်ထရန့်သည် ပြီးခဲ့သည့်နှစ်အတွင်းက နျူကလီးယားစာချုပ်မှ ထွက်ခွာခဲ့ပြီးချိန်မှစ၍ အီရန်အပေါ် စီးပွားရေးခွင့်ပြုချက်များနှင့် ပတ်သက်၍ ပြန်လည်ပြဋ္ဌာန်းခဲ့ပြီး တင်းကျပ်စွာချုပ်ကိုင်ခဲ့သည်။ 

 

အီရန်နိုင်ငံသည် ဉရောပနိုင်ငံများနှင့် သဘောတူညီထားသည့် စီးပွားရေးအကူအညီများ မရရှိသည့်အတွက် သတ်မှတ်ထားသည့် ယူရေနီယမ်ပိုင်ဆိုင်မှုထက် ကျော်လွန် လုပ်ဆောင်နေခြင်းဖြစ်သည်။အီရန်၏ စီးပွားရေးအား ဉရောပနိုင်ငံများမှ အကူအညီပေးမှုပေါ်မူတည်၍ ယခုသီတင်းပတ်အတွင်း ယူရေနီယမ် ပိုင်ဆိုင်မှု တိုးမြင့်လာလိမ့်မည်ဟု တီဟီရန်က အဆိုပြုထားသည်။

 

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- စုရည်