အီရန်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ရထားလမ်းချော်မှုကြောင့် ၅ ဉီး သေဆုံး

၂၆ စက်တင်ဘာ

 

 

အီရန်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ယမန်နေ့က ခရီးသည်တင် မီးရထားတစ်စင်း လမ်းချော်မှု ဖြစ်ပွားရာ ၅ ဉီး သေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း  နိုင်ငံပိုင် တီဗီက ပြောကြားခဲ့သည်။

 

 

ပါကစ္စတန်နှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် ဘလူချီစတန်ပြည်နယ်နှင့် Sistan မြို့တော်အနီး Zahedan မြို့တွင် အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

 

အဆိုပါ မတော်တဆမှုအတွင်း လူပေါင်း ၉၂ ဉီး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

 

 

အဆိုပါ မီးရထားပေါ်တွင် ခရီးသည် ၂၅၀ လိုက်ပါလာခဲ့ပြီး Zahedanမှ အီရန်မြို့တော် တီဟီရန်သို့ ထွက်လာခဲ့ခြင်းဖြစ်သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်

 

1