အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၉၀၄၉ ဦး ထပ်မံတွေ့ရှိ


တီဟီရန် ဩဂုတ် ၁၂ 

အီရန်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၉၀၄၉ ဦး ထပ်မံတွေ့ရှိရသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၃၂၀၂၆၆ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

ပြီးခဲ့သော တစ်ရက်အတွင်း ၅၆၈ ဦးမှာ ကိုဗစ်-၁၉ရောဂါကြောင့် သေဆုံးခဲ့ သဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၉၆၂၁၅ ဦးရှိလာ ကြောင်း အီရန်ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်မှ သိရသည်။

လက်ရှိအချိန်တွင် လူနာ ၃၆၄၇၀၁၆ ဦးမှာ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် သက်သာလာပြီး ဆေးရုံမှဆင်းသွားခဲ့ကာ လူနာ ၇၀၄၈ ဦးမှာ အထူးကြပ်မတ် ကုသဆောင်များတွင် ကုသမှုခံယူနေဆဲဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ပြောကြားသည်။ 

လက်ရှိအချိန်တွင် နိုင်ငံအတွင်းရှိ ပြည်သူ ၁၄၂၂၉၁၂၀ မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံမှုခံယူပြီးစီးခဲ့ပြီး ပြည်သူ ၃၅၃၁၁၄၂ ဦးမှာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်စလုံးထိုးနှံမှုခံယူပြီးဖြစ်သည်။ ထို့ပြင် လက်ရှိအချိန်ထိ ပြည်သူ ၂၆၈၈၉၉၉၇ ဦးအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးပြီးဖြစ်သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်- စိုးသူရ