အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၁၀၄၂ ဦး ထပ်မံတွေ့ရှိ

ဇွန် ၁

အီရန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၁၀၄၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီး နိုင်ငံအတွင်း ကူးစက်ခံရသူပေါင်း ၂၉၁၃၁၃၆ ဦး အထိမြင့်တက်လာသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် လွန်ခဲ့သည့် ၂၄ နာရီအတွင်း သေဆုံးသူ  ၂၁၇ ဦးရှိပြီး သေဆုံးသူပေါင်း ၈၀၁၅၆ ဦး အထိ ရှိလာသည်။

နိုင်ငံတစ်ဝန်းတွင် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းခွင့်ရရှိသူဦးရေ ၂၄၅၈၆၈၄ ဦး ရှိသည်။

အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၄၁၆၀ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးသူ ၃၆၄၃၃၅၆ ဦးရှိပြီး ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၅၂၂၇၀၇  ဦး ရှိသည်။

အီရန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုသည်  ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလက ပထမဆုံး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို