အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု သတ္တမမြောက်လှိုင်း ဖြစ်ပွားနေ

တီဟီရန် ဇူလိုင် ၁၉

 

အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု သတ္တမမြောက်လှိုင်း စတင်နေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဘာရမ် အီနိုလာနီက တနင်္ဂနွေနေ့တွင်ပြောသည်။ ကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံကြရန်နှင့် ကျန်းမာရေးဆိုင်ရာ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရန်၊ အထူးသဖြင့် အမိုးအကာအောက် လူထူထပ်သော နေရာများတွင် ပါးစပ်နှာခေါင်းစည်းတပ်ဆင်ကြရန် သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ၎င်းက ပြည်သူများကို တောင်းဆို ထားသည်။

 

အီရန်နိုင်ငံ၌ တနင်္ဂနွေနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၇၅၁ ဦး စစ်ဆေးတွေ့ရှိပြီး အဆိုပါရောဂါကြောင့် သေဆုံးသူ ၁၃ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါ ကူးစက်ခံရသူများအနက် ၆၅၆ ဦးကို ဆေးရုံတင်ထားရပြီး ၎င်းတို့ထဲမှ ၅၁၆ ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း သိရသည်။

 

ထို့အပြင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလနှောင်းပိုင်းမှစ၍ အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဖြစ်ပွားသူ စုစုပေါင်း ၇၂၇၈၄၇၈ ဦးရှိကြောင်း၊ အဆိုပါရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၁၄၁၄၉၉  ဦးအထိရှိကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။     

 

ဆင်ဟွာ