အီရန်နိုင်ငံတွင် ဆန္ဒပြပွဲများအတွင် လူ ၁၀၀ သေဆုံး

အီရန်နိုင်ငံတွင် ဓာတ်ဆီဈေးနှုန်း မြင့်တက်မှုကြောင့် ဖြစ်ပွားလျက်ရှိသည့် ဆန့်ကျင်ဆန္ဒပြသူများ နှင့် အီရန်လုံခြုံရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားရာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ပြောကြားခဲ့သည်။

 

တစ်လလျင်  ဓာတ်ဆီ  ၆၀  လီတာအထိ ဝယ်ယူသူများကို  အစိုးရက သောကြာနေ့အတွင်းက ၅၀ ရာခိုင်နှုန်း ဈေးတိုးမြှင့် ရောင်းချလိုက်ခြင်းကြောင့် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အပိုဆောင်း တစ်လီတာ ဝယ်ယူတိုင်း ယခင်နေ့ကထက် သုံးဆပိုမိုကုန်ကျမည်ဖြစ်သည်။

 

ဒေသ၂၁ခုတွင် အနည်းဆုံး လူ ၁၀၆ ဉီး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များမှ အစီရင်ခံစာများအပေါ် အခြေခံပြီး ယမန်နေ့က အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ပြောကြားခဲ့သည်။

 

အသတ်ခံရသူအရေအတွက်မှာ ဒါဇင်နှင့်ချီရှိနေပြီး သေဆုံးသူဉီးရေမှာ တိုးပွားလာနိုင်ကြောင်း အင်္ဂါနေ့အတွင်းက ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမ ှပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

 

ဆန့်ကျင်ဆန္ဒပြသူများအား အီရန်အစိုးရမှ အင်အားအလွန်အကျွံသုံးဖြေရှင်းခြင်းမှ ရှောင်ကြဉ်ရန်နှင့် လက်နက်များ ပစ်ခတ်မှုအပေါ်ကို အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်မှ ရည်ညွန်းပြောကြားခြင်း ဖြစ်သည်။

 

အီရန်အစိုးရသည် ဆန္ဒပြပွဲများနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပဲ နိုင်ငံအတွင်း၌လည်း အင်တာနက်အသုံးပြုမှုကို ပိတ်ပင် ကန့်သတ်ထားပြီး အခြေအနေ အပြည့်အစုံကိုမူ မသိရှိရသေးပေ။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

 

mdn

 

 

mdn